Saturday, September 24, 2016

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar-PGM) အားအဆုံးသတ်ရန်တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar-PGM) အားအဆုံးသတ်ရန်တိုက်တွန်း

Saturday, September 24, 2016
 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့(PGM)၏ အစည်းအဝေးကို ၂၃-၆-၂၀၁၆ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် ၌ကျင်းပခဲ့ပါသည်။
...
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကျော်တင်တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြောင်းသိရှိရပါသည်။ ဒုတိယ၀န်ကြီး ဦးကျော်တင်၏ မိန့်ခွန်း တွင် မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီစနစ်ဖော်ဆောင်မှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အခြေအနေနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အပြင် ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံ၏ ရှည်လျားခက်ခဲကြမ်းတမ်းသည့် ဒီမိုကရေစီခရီးတစ်လျှောက်တွင် နိုင်ငံတကာအသိုက်အ၀န်းအပါအ၀င် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်တကွ ၎င်း၏အထူးအကြံပေးပုဂ္ဂိုလ်တို့ ၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်တွေ့ရှိနေရသည့် တိုးတက်ပြောင်းလဲမှုများ ကြောင့် နိုင်ငံတစ်နိုင်ငံအားပစ်မှတ်ထားသည့် လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ခြင်း အပါအ၀င် အမျိုးမျိုးသော စိစစ်စောင့်ကြည့်ရေးယန္တရားများကိုဖယ်ရှားပြီး အခြားသောအဖွဲ့ဝင်နိုင်ငံများ နည်းတူ လွတ်လပ်တက်ကြွစွာဖြင့် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့ (PGM) အား အဆုံးသတ်ပေးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Ministry of Foreign Affairs Myanmar
သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့၊ နယူးယောက်မြို့



 

No comments: