Tuesday, September 20, 2016

TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ မန်တုံမြို့နယ် ၊ လွယ်ကောင်းမူရွာဘက်တွင် တိုက်ပွဲဖြစ်ပွား

TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ မန်တုံမြို့နယ် ၊ လွယ်ကောင်းမူရွာဘက်တွင် တိုက်ပွဲဖြစ်ပွား

Tuesday, September 20, 2016
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ လွယ်ကောင်းမူရွာအနီးတွင် TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ စက်တင်ဘာလ ၁၀ ရက်နေ့က တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။
...
“TNLA အဖွဲ့က ဒေသခံရွာတွေအပေါ်မှာ လူသစ်စု၊ ဆက်ကြေးကောက်မှုတွေလုပ်နေတယ်၊ အဆင်မပြေလို့ ဆက်ကြေးမပေးနိုင်ရင် လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာ တွေရှိတယ်၊ ဒေသခံရွာတွေက TNLA အဖွဲ့အပေါ် မှာ အတော်လေး မကျေမနပ်ဖြစ်နေကြတယ်၊ ဒေသခံရွာတွေမှာ ဆက်ကြေးကောက်၊ လူသစ်စုပြီး၊ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတော့ အတော်လေးဒုက္ခ ရောက်နေကြတယ်၊ အခုလည်း ကျွန်တော်တို့ရွာတောင်ဘက်မှာ ရှိတဲ့ RCSS/SSA အဖွဲ့ရဲ့စခန်းကို TNLA အဖွဲ့တွေ အင်အားအတော်များများနဲ့ သွားတိုက်တာ၊ အကျအဆုံး များစွာနဲ့ ထွက်ပြေးခဲ့ရတယ်လို့ သိရတယ်၊ မနက် ၁၀ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်တာ၊ ညနေ ၅ နာရီမှာ တိုက်ပွဲသံတွေ ရပ်သွားတယ်၊ ဒီတိုက်ပွဲမှာတော့ TNLA အဖွဲ့တွေ အတော်များများ အထိနာသွားတယ်၊ လက်နက်ခဲယမ်းတွေလည်း အတော်များများဆုံးရှုံးတယ်လို့ သိရတယ်”ဟု လွယ်ကောင်းမူရွာသားတစ်ဦးမှ ပြောပါသည်။
“ TNLA အဖွဲ့တွေ အင်အားအများကြီးနဲ့ RCSS/SSA စခန်းကို သွားတိုက်တာ၊ ဒီတစ်ခါတော့ TNLA အဖွဲ့တွေတော်တော်ခံလိုက်ရတယ်၊ ရွာတွေမှာ RCSS/SSA အဖွဲ့တွေကို ထောက်ခံတဲ့ သူတွေ ရှိတယ်၊ TNLA အဖွဲ့ရဲ့ ရက်စက်မှုတွေကို ဒေသခံရွာတွေက သိနေတော့ RCSS/SSA အဖွဲ့ကို သတင်းပေးတာတွေရှိတယ်၊ ဒီတိုက်ပွဲ RCSS/SSA အဖွဲ့က ကြိုသိနေလို့လာမသိဘူး၊ TNLA ဘက်က ၂၉ ဦးကျ၊ ၂ ဦးအရှင်ဖမ်းမိပြီး M-22 (၈) လက်၊ RPG (၄) လက်သိမ်းဆည်းရမိပြီး ဒဏ်ရာအများအပြားရရှိသွားတယ်လို့ သိရတယ်၊ ဒီတစ်ခါ ဖြစ်တဲ့တိုက်ပွဲဟာ TNLA အဖွဲ့အတွက် ပေးဆပ်လိုက်ရမှု အများဆုံးဖြစ်တယ်လို့ သိရတယ်”ဟု လွယ်ကောင်းမူရွာမှ ရပ်မိရပ်တစ်ဦးက ပြောသွားပါသည်။
အခု ကျွန်တော်တို့ရှမ်းမြောက်မှာ ဖြစ်တဲ့တိုက်ပွဲတွေက ပြီးကိုမပြီးနိုင်တော့ဘူး၊ ရှေ့ဆက်ပြီး ဆက်ဖြစ်နေအုံး မှာပဲ၊ သူတို့ အဖွဲ့အချင်းချင်းမပြေလည်မှုတွေက ဒေသခံတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေတယ်၊ တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် ဒေသဟာလည်းဖွံ့ဖြိုးတိုးတက်လာစရာ အကြောင်းမရှိတော့ဘူ၊ TNLA အဖွဲ့ကို RCSS/SSA အဖွဲ့က ငြိမ်းချမ်းရေးကမ်းလှမ်းပေမယ့် TNLA အဖွဲ့က လက်မခံဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း RCSS/SSA အဖွဲ့ဝင် ၄ ဦးကို TNLA အဖွဲ့က ချောင်းမြောင်းပစ်သတ်ခဲ့တယ်၊ အခုလည်း RCSS/SSA အဖွဲ့တွေ ရှိတဲ့နေရာကို အင်အား များစွာနဲ့ TNLA အဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်၊ အခုလို TNLA အဖွဲ့ဟာ RCSS/SSA အဖွဲ့နဲ့ အစိုးရစစ်ကြောင်းတွေကို အံတု တိုက်ခိုက်နေခြင်းဟာ UWSA အဖွဲ့ရဲ့ နောက်ကွယ်ကနေ လူ၊ လက်နက် ကူညီထောက်ပံ့နေခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း မန်တုံမြို့ခံတစ်ဦးမှ ပြောကြားသွားပါသည်။
စိုင်းသီဟ
Shan News
Myanmar Online News's photo.
Myanmar Online News's photo.
 
 

No comments: