Sunday, October 23, 2016

သီလဝါ အထူး စီး ပွား ရေး ဇုန် (B) တည် ဆောက် ရေး စာ ချုပ် လက် မှတ် ရေးထိုးပွဲ ကျင်းပ

သီလဝါ အထူး စီး ပွား ရေး ဇုန် (B) တည် ဆောက် ရေး စာ ချုပ် လက် မှတ် ရေးထိုးပွဲ ကျင်းပ

Sunday, October 23, 2016
 
မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖြစ် သီလဝါစီးပွားရေး ဇုန်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ နိုင်ငံဘက်မှ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry တို့က နြာသမညေိကာ သ် ဃသသစနမအေငသည လက်မှတ်ရေးထိုး ခဲ့ရာမှ သမိုင်းတွင်သည့် မှတ်တိုင် တစ်ခုဖြစ်ခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်...း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါ့ခ် ရွိုင်ရယ်လ်ဟိုတယ် ပိတောက်ခန်းမ၌ကျင်းပ သည့် သီလဝါ အထူး စီးပွားရေးဇုန်(B) တည် ဆောက်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခြင်း ဖြစ်ပြီး ယနေ့ဆိုပါက လုပ်ငန်းအောင်မြင်မှု အတွက် အတူတကွရှေ့ဆက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် အခွင့်အလမ်းကောင်းများ ရရှိမည်ဆိုသည်ကို ဝမ်းသာအားရစွာတွေ့ရှိ ရပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သီလဝါ အထူးစီးပွားရေးဇုန် ဘက်စုံတည်ဆောက်ရေး၊ ဆက်စပ်အခြေခံ အဆောက်အဦ များ တည်ဆောက်ရေး၊ အကောင်အထည်ဖော်ရေးနှင့် သီလဝါအထူး စီးပွားရေး ဇုန်အား နိုင်ငံတကာ အဆင့်မီဇုန် တစ်ခုဖြစ် ပေါ် လာစေရေး စသည့် ဆောင်ရွက်ချက်များတွင် အဘက်ဘက်က ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည့် ဂျပန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူပေါင်း ၇၂ ဦးကို ခွင့်ပြုထားပြီး စီးပွားဖြစ် စက်ရုံများ လည်ပတ်နေပြီဖြစ်သည့် အတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပို့ကုန်များ၊ သွင်းကုန်အစားထိုး လုပ်ငန်းများ တိုးတက်လာပြီဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှု များကြောင့် နိုင်ငံ တကာမှစိတ်ဝင် စားကာ လာရောက်ရင်းနှီး မြှုပ်နှံကြရာ ယနေ့ဆိုလျှင် ဒုတိယအဆင့် Zone (B) ၁ဝ၁ ဟက်တာကို လက်မှတ်ရေး ထိုးတော့မည်ဖြစ်ပါကြောင်း၊ ယင်းအချက် သည် ရှေ့ဆက်လက်သွားမည့် အောင်မြင်မှု မှတ်တိုင်တစ်ခု ဆက်လက် ထူထောင်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ တာတဲရှိဟိဂူချီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ သီလဝါအထူးစီးပွားရေးစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်တို့က နှုတ်ခွန်း ဆက်စကားများ ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့၏ ရှေ့မှောက်တွင် တာဝန်ရှိ သူများက သီလဝါအထူး စီးပွားရေးဇုန် (B) တည်ဆောက်ရေး စာချုပ်ကို လက်မှတ် ရေးထိုးကြပြီး အပြန်အလှန် လဲလှယ် ကြကြောင်း သိရသည်။
မြ၀တီ

No comments: