Sunday, October 23, 2016

"စစ်ပြေးဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီး နီးပြီလား"

"စစ်ပြေးဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီး နီးပြီလား"

23 October 2016

“လက်ရှိ အနေအထားအရဆိုရင်တော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း တစ်သိန်းနဲ့ နှစ်သောင်းရှိတယ်… တောက်လျှောက် ၅ နှစ်လုံးမှာ ကြည့်မယ်ဆိုရင်လည်း အကြိမ်ကြိမ်ပေါ့ အိမ်ပြန်ရနိုးနိုးနဲ့ စောင့်မျှော်ခဲ့တာလည်း တော်တော်ကြာခဲ့ပြီ… ၂၀၁၃ မှာလည်း ဒီစစ်ဘေးရှောင်အရေးကို နှစ်ဘက်ကဆွေးနွေးလာတာလည်းရှိတော့ မျှော်လင့်ချက်တွေထားခဲ့တယ်… နောက်တစ်ခုက တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်လာတဲ့အခါမှာ စစ်ဘေးရှောင်တွေအနေနဲ့ အများကြီးမျှော်လင်ခဲ့တယ်… ဒါပေမယ...့် မဖြစ်လာဘူး” (ဦးဂွမ်ရှာအောင် - အတွင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့)
“၂၀၁၃ အောက်တိုဘာလက ကတိကဝတ်ပြုထားတဲ့ အပေါ်မှာ စစ်ဘေးရှောင်တွေကို ဒီတိုင်းပဲ ကိုယ့်ဟာကိုယ် ပြန်တာမဟုတ်ပဲနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်အရပ်ကို ပြန်နိုင်ဖို့အတွက် ဆိုပြီးတော့မှ သူတို့ သဘောတူညီထားတဲ့ အချက်ငါးချက်ရှိပါတယ်… ပထမအချက်က သူတို့နေတဲ့အိမ်တို့၊ လုပ်စားတဲ့ တောင်ယာခုတ်တဲ့နေရာ အားလုံးမှာ မိုင်းတွေနဲ့ ပြည့်နှက်နေတော့ ပထမဆုံး မိုင်းရှင်းလင်းရေး အရင်လုပ်ရမယ်… အဲ့ဒါပြီးရင် သူတို့နေဖို့ အိမ်လည်း မရှိတော့ဘူး… ဒါကြောင့် အိမ်ဆောက်ပေးရမှာက ဒုတိယအချက်… တတိယအချက်အနေနဲ့ သူတို့ ဒီအတိုင်းပဲ သွားနေလို့ မရဘူး… သူတို့အတွက် ခြောက်လသော်လည်းကောင်း၊ တစ်နှစ်သော်လည်းကောင်း စားဖို့သောက်ဖို့ စီစဉ်ပေးရမှာ ဖြစ်တယ်… ပြီးရင် လယ်ယာတွေကို စက်ယန္တရားတွေနဲ့ ဖော်ထုတ်ပေးရမယ်… ပြီးလို့ရှိရင် သူတို့တွေက ကျွဲ၊ နွားတွေနဲ့ပဲ တောင်ယာ၊ လယ်လုပ်တာ ဖြစ်တယ်… ဒါတွေ အားလုံးဟာ ဘာမှ မရှိတော့ဘူး… ဒါတွေအားလုံး လုပ်ပေးပြီးတဲ့အခါကျမှ စစ်ဘေးရှောင်တွေကို သိက္ခာရှိရှိနဲ့ ပြန်နိုင်ဖို့အတွက် အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ ညှိနှိုင်းထားတာ ရှိတယ်…” (ဦးလမိုင်ဂွမ်ရှာ - ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့)
DVB Debate: When can IDP’s go home? (Part A)https://youtu.be/QqgbINbRrJc
Published on Oct 23, 2016
"စစ်ပြေးဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီး နီးပြီလား" ဆိုသည့် ခေါင်းစဉ်ဖြင့် ၂၃၊ ၁၀၊ ၂၀၁၆ ရက်နေ့တွင် ဒီဗွီဘီ ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသသွားခဲ့သည့် ဒီဗွီဘီဒီဘိတ် (ပထမပိုင်း)
 
 

No comments: