Saturday, October 15, 2016

ဒီနေ့ တွက် ရုပ်ပုံလွှာ.....

Oct 12, 2016 at 6;09 AM
တိုင်းပြည်နှင့် ပြည်သူများအနာဂါတ်ဘ၀များအတွက်
သူမအသက်... သူမဘ၀ကို မြေသြဇာအဖြစ်အသုံးချပြီး
ပြုစုပျိုးထောင်ပေးနေသော ပြည်ထောင်စု ဥယျာဉ်မှူးကြီး......။

...
တိုင်းပြည်အတွက်ဘဲဖြစ်ဖြစ်... လူတွေအတွက်ဘဲဖြစ်ဖြစ်
အချိန်အခါနှင့် အခွင့်အရေးဆိုတာ စောင့်နေလေ့မရှိဘူး....
ရရှိလာသောအချိန်အခါနှင့် အခွင့်အရေးကို
မိမိရရဆုတ်ကိုင်ပြီး အသုံးချတတ်ကြဖို့ လိုတယ်.....

အာဏာရူး ကိုယ်ကျိုးသမားတွေ ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့ကြလို့ 
တစစီပျက်စီးနေသော နိုင်ငံနှင့်လူမျိုးဘ၀ကို ပြန်လည်ပြုပြင်နိုင်ရန်
အစကောင်းတခုကိုဆွဲယူပြီး ခိုင်မာတဲ့အုတ်မြစ်ချနိုင်သော အချိန်အခါနှင့်
အခွင့်ကောင်းပေးနေချိန်ဖြစ်တယ်.....
နောင်တချိန်မှာ ဒီလိုအခွင့်ရေးရဖို့ ဆိုတာ မမျော်လင့်နိုင်ဘူး.....
တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်အကျွေးပြုချင်ပါတယ်ဆိုတဲ့
ပါတီခေါင်းဆောင်တွေ...
ဒီနေ့ ရရှိလာသောအခွင့်အရေးတခုကို အတူပူးပေါင်းပြီး အနာဂါတ်အတွက်
လက်တွဲပြီး အုတ်မြစ်ချဖို့ လိုအပ်နေတယ်ဆိုတာ သူတို့ မစဉ်းစားဘူး...
အနာဂါတ်မျိုးဆက်သစ်များအတွက် ကောင်းသောအမွေကို ပုခုံးပြောင်းပေးဖို့ 
ဆိုတာကို သူတို့ မစဉ်းစားဘူး....
ကန့် လန့် တိုက် ကန့် လန့် ပြောတဲ့ အလုပ်တွေကို လုပ်နေကြတယ်...
တိုင်းပြည်အခြေအနေကို သူတို့ တွေ မသိကြဘူးလား....

ဒို့ တာဝန်ကြီး ၃ ပါးကို လက်ကိုင်ထားပြီး တိုင်းပြည်အတွက် လူမျိုးအတွက်
အသက်လှူထားပါတယ်ဆိုတဲ့ လူတွေရဲ့  လုပ်ရပ်များကိုတော့ အတိတ်က
လုပ်ခဲ့ကြတဲ့အလုပ်တွေနှင့် တိုင်းပြည်ဘ၀ အဖြစ်အပျက်ကိုကြည့်ကြ....
ဒါတွေလား တိုင်းပြည်နှင့်လူမျိုးအပေါ်မှာထားခဲ့ကြတဲ့ စေတနာတွေလား....
ကိုယ့်လူမျိုးကို နယ်ချဲ့ ကျွန်ပြုသူတွေထက်တောင် ရက်စက်ခဲ့ကြတယ်....

ဒေါ်အောင်ဆန်းကြည်မှ တိုင်းပြည်အနာဂါတ်အတွက် အုတ်မြစ်ကောင်း
တခုကိုမချခဲ့နိုင်ဆိုရင်... မြန်မာပြည်အနာဂါတ်က မတွေးဝံ့စရာဖြစ်တယ်...
ဒါကြောင့် ပြည်သူတွေ....
မိမိတိုင်းပြည်အနာဂါတ်အတွက်....
မိမိဘ၀နှင့် မိမိသွေးသားများ အနာဂါတ်အတွက်....
ယနေ့ ရရှိထားသော အချိန်အခါကောင်းနှင့် အခွင့်ရေးကောင်းကို
မိမိရရဆွဲကိုင်ပြုပြီး...
ကိုယ့်ခေါင်းဆောင်နှင့် အဆ ၁၀၀ တိုးပြီး ပူးပေါင်းလုပ်ဆောင်ကြ...။။

 

No comments: