Sunday, October 9, 2016

ပင်လုံညီလာခံအပြီးမှာ စစ်ပွဲတွေဖြစ်တယ်..

08.10.2016

တပ်မတော်ရဲ့ အရေးပါအရာရောက်မှုကို
ပြချင်တဲ့စစ်ပွဲတွေဖြစ်သလို...

အရင်ကသုံးသပ်ခဲ့သလို
ကမ္ဘာ့အရေးနဲ့ပါ ဆက်နွယ်နေတဲ့
စစ်ပွဲတွေဖြစ်တယ်..

ဒေသတွင်းအချက်အခြာကျတဲ့
မြန်မာနိုင်ငံကိုပြည်တွင်းစစ်တိုက်ပွဲတွေခင်းပြီး
ချနင်းချင်တဲ့ တရုပ်မဟာဗျူဟာကိုပံ့ပိုးတဲ့
စစ်ပွဲတွေဖြစ်သလို..

တောင်အာရှဒေသနဲ့ ပစိဖိတ်ရေပြင်ရဲ့
အင်အားချိန်ခွင်ဟန်ချက်ညီဖို့
သွယ်ဝိုက်ပြီးကစားနေတဲ့
အမေစုရဲ့ ပင်လုံနောက်ဆက်တွဲဆွေးနွေးမှု
ရလာဒ်ကောင်းတွေမပေါ်ထွက်အောင
အောက်အြေဆင့်တွေကိုစတေးပြီး
တားနေတဲ့စစ်ပွဲတွေလို့လဲ ထင်မိတယ်

ဘယ်လိုပဲဖြစ်ဖြစ်
အားလုံးသိကြဖို့က
ကျနော်တို့တိုင်းပြည်
မငြိမ်းချမ်းသေးဘူး

ကျနော်တို့နိုင်ငံသား
တိုင်းရင်းသားတွေ
ကျီးလန့်စာစားနေကြရတုန်း
ကလေးတွေမိန်းမတွေ
ပုန်းရှောင်နေကြရတုန်း
ထိခိုက်သေကြေကြရတုန်း..

ဖန်ခွက်ချင်းတိုက်တော့လဲ ခင်ဗျားတို့ပဲ
သယံဇာတလုပ်ကွက်တွေ
ဝေစားမျှစားလုပ်တော့လဲ ခင်ဗျားတို့ပဲ
အကျိုးအမြတ်တွေကို
အိပ်ထဲအတူထည့်တော့လဲ
ခင်ဗျားတို့ပဲ..

အခုအောက်ခြေအဆင့်တွေကို
ထိုးကြွေးပြီးအသေခံတိုက်ခိုင်းတော့လဲ
ခင်ဗျားတို့ပဲ..

တကယ်တိုင်းပြည်ချစ်စိတ်
ကာကွယ်ချင်စိတ်ဆိုတာ..
ဒီလိုမဟုတ်ဘူး.၊
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုတာ
ဒီလိုမဟုတ်ဘူး

ခင်ဗျားတို့မှာ ဒီလိုစိတ်ဓာတ်မျိုး
တကယ်ကိုမရှိဘူး..

ကိုယ်ကြိုးစီးပွားအတွက်
တိုက်ပြနေကြတာလို့ပဲ
နားလည်တယ်ဗျာ

(Pa Yit)

No comments: