Wednesday, October 19, 2016

အိုဘယ့် အမိမြန်မာပြည်။ ။

19.10.2016
ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းခံရပြီ။
ပြည်ပနိုင်ငံမှာပရဟိတလုပ်ငန်းများလေ့လာရင်းဖြင့်ပါတ်ဝန်းကျင်လေ့လာမှုများလူ့ကျင့်ဝတ်များကိုပါလေ့လာခဲ့...
ရ ပြီးအမေရိကန်စစ်တပ်တွင်တာဝန်ထမ်းဆောင်နေသော မြန်မာလူမျိုးစစ်ဗိုလ်မှူးများ အမေရီကန်ရဲမှူးများ မြန်မာရဲဝန်ထမ်းများနှင့်ရင်းနှီးခဲ့ရပါသည်။
တိကျသည့် ဥပဒေဖြင့်လူ့ကျင့်ဝတ်ကိုထိမ်းသိမ်းခြင်း ဖြင့်တိုင်းပြည်ငြိမ်းချမ်းအောင်ပြည်သူပြည်သားများကိုယ်စိတ်နှလုံးအေးချမ်းစွာနေထိုင်နိုင်အောင်ဆောင်ရွက် ထားသည်ကိုမြင်တွေ့ခဲ့ရသည်။
မိမိတို့ဗုဒ္ဓဘာသာတိုင်းပြည်အနေဖြင့်လူ့ကျင့်ဝတ်များကို
ဥပဒေဖြင့်ထိမ်းချုပ်မည်ဆိုပါကကမ္ဘာ့အလည်တွင်သိမ်ငယ်စရာအရှက်ရစဖွယ်ဖြစ်ကောင်းဖြစ်လိမ့်မည်။
သို့သော်ခေတ်အဆက်ဆက်ကပျက်စီးယိုယွင်းလာခဲ့
သောစီးပွားရေး ပညာရေး လူ့ကျင့်ဝတ်များကိုပြုပြင်ရန်
အတွက်တိကျပြတ်သားသောဥပဒေနှင့်သာကျင့်သုံးပါ မှအမြန်ဆုံးမျှော်လင့်ထားသောစည်းကမ်းရှိသောခေတ်
မီသောစာနာစိတ်ရှိသောငြိမ်းချမ်းသောနိုင်ငံတော်ကို
အမြန်ဆုံးရောက်ရှိပေလိမ့်မည်။
ဥပမာအားဖြင့် ယာဉ်စည်းကမ်း လူ့စည်းကမ်းမှအစ တိရိစ္ဆာန်အခွင့်အရေးအဆုံး။
အသုံးပြုပြီးမော်တော်ကား ယာဉ် လှေမှအစ စွန့်ပစ် အမှိုက်တို့ကိုစံနစ်ကျစွာစည်းကမ်းရှိစွာစွန့်ပစ်ရသည့်ဥပဒေအဆုံး။
အိုးအိမ်တိုက်ခြံဥပဒေမှအစ သုဿန်မြေစည်းကမ်း အဆုံးတို့သည်တိကျလှသည်။
အနောက်နိုင်ငံများ၏လူနေအိမ်ခြံဝန်းများတွင်ခြံစည်းရိုးကာရံတားစည်းမှုများအလွန်နည်းပါးသလိုကာရံထားသည့်ခြံစည်းရိုးများတွင်သံဆူးကြိုးများတားဆီးထားမှုများကိုမမြင်မိခဲ့ပေ။စစ်တပ်ဝန်းများသည်လည်းထိုနည်းလည်းကောင်းပင်။ယုတ်စွအဆုံးသုဿန်ရှိလူတို့၏နောက် ဆုံးလဲလျောင်းရာအုတ်ဂူများတွင်လည်းမိမိတို့သုဿန်
များကဲ့သို့သံချွန်သံတိုင်များဖြင့်တားဆီးထားခြင်းမရှိပေ။
မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကိုဖေါ်ဆောင်ထားသည့်မွေးကတည်းကသေဆုံးသည်အထိသံဆူးကြိုးသံတိုင်များထဲတွင်ရပ်တည်နေရသကဲ့သို့ပင်ဖြစ်နေတော့သည်။
ထိုကဲ့သို့မိမိရရှိခဲ့သောသင်္ခဏ်းစာများနှင့်မိမိတို့လုပ် ဆောင်ပေးဆပ်နေသောပရဟိတလုပ်ငန်းဖြင့်မိမိတိုင်း ပြည်အတွက်အုတ်တစ်ချပ်သဲတစ်ပွင့်လုပ်ကိုင်သွား မည်ဟုခံယူချက်ဖြင့်အမိမြန်မာပြည်ကိုပြန်လာခဲ့ပါတော့သည်။
ရောက်ရောက်ခြင်း ဆောက်နဲ့အထွင်းခံရပြီ။
မိမိအိမ်သို့ရောက်သော်ခြံဝန်းတံခါးတွင်သံဆူးကြိုးများထပ်မံတိုးမြုင့်ထားခြင်းကိုတွေ့မြင်ရတော့သည်။ မိမိ၏ဇနီးဖြစ်သူရွှေဇီးကွက်ကပြောပြတော့သည်။ပြီးခဲ့တဲ့အပါတ်ကသူခိုးကပ်လို့တဲ့။ခွေးတွေကဟောင်တော့အိမ်ရှေ့အိမ်ကထွက်ကြည့်တော့လူရိပ်တွေမြင်ရလို့ အော်ဟစ်လိုက်ရတယ်တဲ့လေ။
အရင်ကလိုအိမ်ခြံတံခါးပေါက်မှာ"လူသားစားခွေးရှိသည်"လို့ပြန်ချိတ်ဆွဲထားရမည်လားဟုတွေးရင်းခရီးပန်းမှု ကြောင့်နေ့လည်ဖက်တွင်အိပ်ပျော်သွားရာည၁နာရီခန့်လန့်ပြီးနိုးလာတော့သည်။
"ခွေးဟောင်သံတွေပါလား"
ကောင်းပြီ။
မနက်ရောက်ရင်တော့"လူသားစားခွေးရှိသည်"ဆိုတဲ့ ဆိုင်းဘုတ်အစား" ကျော်သူ လူသားစားသည်" ဆိုပြီးချိတ်ဆွဲထားတော့မည်။
ပရဟိတလုပ်ငန်းများအတွက်အသင်းရုံးချုပ်သို့မသွားဖြစ်ဘဲဘယ်နှစ်ရက်လောက်သူခိုးစောင့်ဖမ်းစားရတော့မည်မသိတော့ချေ။
ကူညီပါရစေ တို့ရေ. . . ။
အမေရိကန်ကခင်မင်ခဲ့တဲ့ ရဲမှူးများကိုသတိရမိပါရဲ့ဗျာ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာအရင်းခံလျက်.
( ကျော်သူ )
 
 
 
 
 
 
 
 

No comments: