Monday, October 10, 2016

အမေ

10.10.2016



 
၁၉၈၉
ဟွေစေတီ...ကရင်နီမြေ...မှာ...
အမေ့ကို...အလွမ်းမိဆုံး...
တမ်းတမိကြတဲ့...
အမေဝေး...ရေနဲငါး......

ဘဝတူ...
ရဲဘော်...သေဖက်...
ကျောင်းသူ...
ကျေင်းသား...များစွာကြားမှာ...
အမေ့ကိုလွမ်း...တမ်းတမိတဲ့...
နေ့...
နေ့တိုင်းများစွာမှာ...
ကို့...ရဲ့အမေ...နဲ့...
ပြန်…ဆုံစည်း...နိုင်ဖို့...

ကို့အမေ့ကို…အမေ...။
ဒေါ်စု…ကို…အမေ…လို့..ဆိုပြီး...
ပထမဦးဆုံး...
မြန်မာပြည်က...
ကဗျာရေးသူ...စာရေးသူ...တယောက်အနေနဲ့...
ဦးစွာ...
အမေ့…လို့...အားပေးတိုင်တည်...ခဲ့တယ်...။

ပထမဦးစွာ...အမေ...လို့...
ကိုယ်သုံးခဲ့တယ်…ဆိုတာမှားချင်မှားနိုင်ပါတယ်...။

အထောက်အထား...ခိုင်လုံစွာနဲ့...
၁၉၈၉…မတိုင်မှီ…အမေ...လို့...ဒေါ်စုကို...
ကို့ထက်ဦးစွာ…
တဦးတယောက်က…
တိုင်တည်ခဲ့ဘူးပါတယ်...ဆိုရင်...
ဒီအဆို…သုံးစွဲခြင်းကိုရပ်ပါ့မယ်...။

ဒီကဗျာလေးကို...
ခင်ဝမ်း…ရဲ့…ဒီဇင်ဘာ…
[series]
စီးရီး...
အမေ...ကို...
အထူးသဖြင့်...ကရင်နီ...ဟွေစေတီ...ရဲ့...ဒီဇင်ဘာည...များမှာ...
ခံစားရင်း...
အားလုံးသော...
တလောကလုံး...က...
ကဗျာဆရာများ...ကဲ့သို့...
စု...
တု...
ပြု...
ခံစားရေးဖွဲ့…တယ်...။

သုံးချင်တဲ့...အဖွဲ...အစည်းတိုင်း...က...ကို့ ...ဆီက...
ကြိုတင်...ခွင့်ပြုချက်...ရယူပြီး....
အသုံးပြု…တိုင်း...အခကြေးငွေ...ပေးတယ်...။

[Burmese version]
မြန်မာလိုဆို…ပိုပေးတယ်...။

ပညာရေးဋ္ဌာန...သုံးဆိုရင်...
သာမန်ထက်…အဆများစွာပိုရတယ်...။

ကို့ကျောင်းကသုံးရင်...
သုံးတဲ့အခါတိုင်း..
တန်ဘိုးကြီးကြီး...ပေးပြီး...

ညစာ...စားပွဲ...ထပ်ဖိတ်ပြီး...
ထပ်မံဂုဏ်ပြု...
သူတို့ကျောင်းကကျောင်းသားဆိုပြီး..
ဂုဏ်ယူ…အမွှန်းတင်ပြီး…ထပ်ပေးပါတယ်..။

အမေ...ကို...
ကို့...ရဲ့...ကော်ပီရိုက်...အဖြစ်...
ထိမ်းသိမ်း...အတည်ပြုပေးထားတယ်...

ဋ္ဌေးတင့် (အမေ)
တိုရွန်တို

No comments: