Saturday, October 8, 2016

စစ်ပွဲတွေရပ်တန့် ပေးပါ

8.10.2016








စစ်ပွဲတွေရပ်တန့် ပေးပါ
/////////////////////////
ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံကြီးကို လက်ရဲဇက်ရဲနဲ့ အားလုံးတန်းတူပါဝင်နိုင်အောင်လုပ်ပြသွားတယ်
ဒီအထိသိပ်ကျေနပ်မိတာပေါ့
ဒါပေမယ့် တပ်မတော်က ဒေါ်စု ရေးတဲ့ ပင်လုံညီလာခံကို ခြေနဲ့ဖျက်ခဲ့ပြီဆိုတာ
မငြိမ်းချမ်းချင်လို့  ရေရှည် တပ်မတော်က လွယ်လွယ်နဲ့ ပင်လုံညီလာခံ အစည်းအဝေးအပြီးစစ်ပွဲကို စတိုက်ခဲ့တာ အခုဖေ့ဘုတ်သုံးသူတိုင်း မျက်ဝါးထင်ထင်မြင်တွေ့ နေရပြီဘဲ။
စစ်ဆိုတာအရမ်းကြောက်စရာကောင်းတဲ့မီးတစ်ပါးပါဘဲ
လူတွေသေကြေကြရမယ် သေနတ်သံ၊ဗုံးသံ တင့်ကားသံ စတဲ့
လေယာဉ် အမြှောက်ပစ်သံတွေပါ အစ အသုံးပြုပြီး မငြိမ်းချမ်းတဲ့လမ်းစဉ်ကို
စတင်လမ်းခွဲတယ်လို့ သုံးသပ်ပါရစေသား။
အခုအစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးစိန်ခေါ်မှုတစ်ခုပါဘဲ
ဒါကိုကိုင်တွယ်ဖြေရှင်းရန် ခေါင်းရှောင်နေရင် တနေ့ ထက်တနေ့  အင်အားတွေ ဆုတ်ယုတ်ပြီး ၂ဖက် ဘယ်သူမှအကျိုးမရှိဘဲ နောက်ဆုံး
သူသေကိုယ်သေနဲ့ စားပွဲဝိုင်းမှာ ပြန်စတင်ဆွေးနွေးမှာ မြင်ယောင်မိပါရဲ့။
အခုစစ်ဖြစ်နေတဲ့ကချင်လူမျိုးတို့ဟာမိအေး၂ခါနာဖြစ်ခဲ့ဘူးပါပြီ.။ သူတိုဘက်ကြည့်ရင် ငြိမ်းချမ်းရေးအစည်းအဝေးပွဲတွေ နေရာအနှံ တက်ခဲ့တာ သဲထဲရေသွန်သလို ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်မျက်နှာသစ်အဖွင့်ခံရသလို့စစ်ကန္တာရထဲ ပြန်လည် သင့်မြတ်ရေးအတွက် အိပ်မက်တွေဖျက်ခဲ့ရပါပြီ
နောက်ဆုံး ဖြေရှင်းမရတဲ့အဆုံးမှာ
ငြိမ်းချမ်းရေး နတ်မိမယ်လို ကယ်တင်ဖို့ တမ်းတနေလေသလား.ဆိုတဲ့ နိုင်ငံတော်အကြံပေးကြီးကိုတပ်မတော်က ချဉ်းကပ်ဖို့ အပူတွေ ပေးမှာ စိတ်ထဲမြင်ယောင်မိပါရဲ့ 
စစ်တန်းလျားအိမ်ခန်းကျဉ်းထဲ အမုန်းအရှုံးတွေကို တစ်ယောက်ထဲ အပိုင်ယူလေရောသလား လို့ မေးရမလိုဘဲ အစိုးရသစ်ရှိသေးတယ်ဆိုတာထည့်တွက်ဖို့လုပ်ချင်ရာလုပ်လို့ မရသေးတာတွေရှိတဲ့အခါနားလည်လက်ခံပေးဖို့ ဆိုတာ ခင်များတို့ ဖတ်ဖို့ အပြစ်အနာနဲ့ စစ်ကမ္ဘာ ဟာ သူမကြောင့် ပွဲလယ်တင့်ခဲ့ပြီဆိုရင် ဘယ်သူတွေယုံအုံးမှာလဲလို့ 
မေးပါရစေသားစွန့် လွှတ်စွန့် စားတိုက်နေရတဲ့ ရှေ့ တန်းကတပ်မတော်သားတို့ ရဲ့ နောက်တန်းပြန်မယ့်နေ့ ရက်ဟာ
ဘယ်နေ့ လဲလို့ မေးရမလို ဘဲ ကျုပ်ရဲ ကလောင်နဲ ခင်များတို့ နားလည်အောင်ပြောဖို့ ဆိုတာဝေးသေးတယ်လို့ ပြောချင်သေးရဲ့ဗျာ
ဒီပုံတွေကတော့ ဒီကနေ့ မြို့ တော်ခမ်းမမှာကျင်းပတဲ့
စစ်ပွဲအတွက်ဆန့် ကျင်ရေး ပိုစတာနဲ့ လူထုဆန္ဒကောက်ခံပွဲမှာ ချီတက်လာတဲ့
စစ်အလိုမရှိသူအချို့ အားလေးစားစွာဖော်ပြလိုက်ရပါတယ်။
မူရင်းဓါတ်ပုံ Aung San Thway T
လေးစားလျက်
Maung Tun Wai
8.10.2016

No comments: