Sunday, October 23, 2016

သုံးယောက်ပေါင်း လောင်းကျော်

23.10.2016
.ပထမတစ်ယောက် ၊
ရုရှက ပူတင် ။
.ဒုတိယ ၊
ဖိလစ်ပိုင်က ဒူတာတေ ။
.တတိယ အလောင်းလျာက ၊
အမေရိကန်က ဒေါ်နယ်ထရမ့် ။
.အဲဒီတစ်ယောက်သါ သမ္မတထပ်ဖြစ်လာရင်တော့ ၊
သုံးယောက်ပေါင်းလောင်းကျော်ပြီး
ကမ္ဘာကြီးလည်း ကမောက်ကမ အတော်ဖြစ်လာဖို့ရှိတယ် ။
.
သူတို့တွေကို နားလည်ဖို့က ၊
နိုင်ငံ တစ်နိုင်ငံစီရဲ့အခြေနေနဲ့ သမိုင်းကြောင်းတွေအထိ ပြန်ကြည့်မှ ၊
ရေးရေးလေး မြင်နိုင်မယ် ။
ဒီ နိုင်ငံခေါင်းဆောင်တွေရဲ့ အမူအကျင့်ကို သဘေါပေါက်မယ် ။
.
(၁) ရုရှဆိုရင် ၊
သူတို့ရဲ့ ဥရောပသမိုင်းတလျှောက်
စစ်တိုက်-ဒါးပြတိုက် ကြမ်းတမ်းခဲ့တဲ့ အစဉ်လာတွေကိုသိမှ ၊
.
ဂျာမန်စစ်စစ်ဖြစ်တဲ့ Catherine the Great ဦးဆောင်တဲ့
အသိမြင်ပွင့်လင်းတဲ့ခေတ် (enlightenment) ကို ဖြတ်သန်းခဲ့ပေမယ့် ၊
စွဲမြဲနေတဲ့ စနစ်ထဲက ဆင်းရဲသါး (serf) တွေကိုတော့
လျစ်လျူ ရှုခဲ့တဲ့ နောက်ခံနဲ့ ၊
.
ဆိုဗီယက်ပြည်ထေါင်စု အပါဝင် ၊
သွေးချောင်းစီးတဲ့ သူတို့ရဲ့ အင်ပါယာတွေကို ကြားဖူးထါးပါမှ ၊
.
လက်ရှိသမ္မတပူတင် (Putin) ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့
ခုတစ်မျိုး နောက်တစ်မျိုးပြောတတ်တဲ့ သဘေါသဘါဝကို
ခြုံငုံမိမှာ ဖြစ်တယ် ။

(ပူတင်ဆိုတဲ့ နာမည်ကိုမြင်တိုင်း ၊
နောက်ဆုံးဇာဘုရင်ခေတ်က ဘုန်ကြီးဆိုး
ရပ်စ်ပြူတင်/Rasputin ရဲ့ နာမည်ကိုပဲ သွားသွားသတိရမိတယ်) ။
.
(၂) ဖိလစ်ပိုင်သမ္မတသစ် ဒူတာတေတစ်ယောက် ၊
မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်တော့ ၊
မြန်မာပြည်မှာ ကြိုက်သူတွေလည်း မနည်းလှဘူး ။
.
ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ တစ်ခုတည်းသော ကိုလိုနီဟောင်း ။
အရင်က စပိန်ကိုလိုနီဖြစ်ခဲ့ပေမယ့် ၊
အမေရိကန်သာလျှင် ဖိလစ်ပိုင်နဲ့က
ကြိုးနှစ်ပင်ကျစ်ထါးသလို လုံးထွေးသက်ရောက်မှုတွေ ရှိနေခဲ့တယ် ။
.
ဒူတာတေက ဘယ်ကလဲ - Davos မြို့ဝန်ကနေ လာတာဖြစ်တယ် ။
ကြမ်းတမ်းပြီး အဘူဆာရပ်ဖ် အကြမ်းဖက်ပြန်ပေးသမားတွေ လှုပ်ရှားတဲ့ ၊
Mindanao ကျွန်းပေါ်ကမြို့တော်မှာ ကျင်လည်လာသူ ဖြစ်တယ် ။
.
ဖိလစ်ပိုင် ဆိုတာကလည်း ၊
ရာနဲ့ချီတဲ့ သေနတ်ထုတ် အလုပ်ရုံလေးတွေရှိတဲ့ နိုင်ငံ ၊
လေဆိပ်နဲ့ မြို့တော်မနီလာကြားထဲတောင် ဒါးပြကြောက်ရတဲ့ နိုင်ငံ ၊
သေနတ်ကိုင်ပြီး လူမိုက်တွေထက်မိုက်ခဲ့သူတွေ သမ္မတဖြစ်နိုင်တဲ့
နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ။
(ဆက်ရေးရင် ရှည်သွားမှာမို့ တော်ထါးမယ်) ။
.
ဒီတော့ ၊
ဒူတာတေရဲ့ ခုတစ်မျိုးနောက်တစ်မျိုး ပြောချင်သလိုပြော
လုပ်ချင်သလို ထင်ရာစိုင်းတဲ့အမူအကျင့်ဟာ ၊
ဟိုး အမျိုးသါးစိတ်နေစိတ်ထါး (national psyche) ကနေ
အခြေပြုလာတယ်ဆိုတာ သဘေါပေါက်လို့ ရတယ် ။
.
ဒါပေမယ့် ၊
အမေရိကန်ကို ခြေစုံကန်ပြီး ၊
တရုတ်ချေးငွေတွေ အူထဲအထိ အစုလိုက်အတောင့်လိုက်မျို ပြီးမှ ၊
နိုင်ငံ့ကိုယ်စားပြုသူတစ်ယောက်ဟာ လုပ်ချင်ရာတွေ လိုက်လုပ်လို့
မရဘူးဆိုတာ သဘေါပေါက်လာရင်တော့ ၊
အချိန် အတော်နှောင်းပြီလို့ ပြောရမယ် ။
.
(၃) နောက်ဆုံး တာစူနေတဲ့ ကြောက်စရာလူရွှင်တော်
(scary clown) တစ်ယောက်ကတော့ ဒေါ်နယ်ထရန့်ပါ ။
.
သူဟာ ပြောချင်ရာကို စွတ်ပြောချလိုက်တတ်တယ် ။
ပြီးတော့မှ ၊ ဒါဟာ နောက်ပြောတာပါလို့ ပြန်လုပ်ပြန်တယ် ။
ငွေနဲ့သြဇာကို လိုသလိုသုံးနိုင်လို့ ၊ လက်ညှိုးညွှန်ရာ 'လေ' ဖြစ်နေတာပါ ။
.
ဒီလိုလူကို ဗမာပြည်မှာ ကြိုက်သူတွေလည်း မရှားပါ ။
လိုက်လည်း လိုက်ဖက်ပါပေတယ် ။

ဒီလိုလူမျိုး သမ္မတ ဖြစ်လာရင်တော့ - ပွဲသိမ်းပါပဲ ။
အမေရိကန်တွေရဲ့ မရှိမဲ့စုမဲ့ 'သိက္ခာ' တွေ
အီအီးတွင်းထဲ ရေစီးနဲ့အတူ မျောပါသွားမှာ သေချာသလောက်ရှိတယ် ။
.
သူပြောသမျှ အမှားတွေလားဆိုတော့ ၊ မဟုတ်ပါဘူး ။
မှန်တာ သင့်တာတွေ အများကြီးပါ ။

အမေရိကန်မှာ ခေတ်အဆက်ဆက် ပြောင်းလဲလို့ မရတာတွေ ၊
လျစ်လျူ ရှုခံနေခဲ့ရတာတွေ ၊ စိတ်ပျက်အားလျော့မှုတွေနဲ့
နိုင်ငံရဲ့ အနှုတ်လက္ခဏါဖက် ဦးတည်နေတာတွေလည်း အများကြီးရှိသလို ၊

ဒါတွေထဲက လူကြိုက်များတဲ့အချက်တွေကို
ဒေါ်နယ်ထရမ့်က ဖေါ်ထုတ်အသုံးချနိုင်ခဲ့တာတွေ ရှိပါတယ် ။
.
သူ့နဲ့ အနီးစပ်ဆုံး နမူနာတစ်ခုကို ၊
အိမ်နီးနားချင်း ထိုင်းနိုင်ငံမှာတင် မြင်နိုင်တယ် ။

အချို့လည်း သိကြပါတယ် ၊
ဝန်ကြီးချုပ်ဟောင်း စီးပွားရေးသမား ဇာတ်လိုက်ကျော်ကြီး
'တပ်ဆင်' ပဲ ဖြစ်တယ် ။
.
ဘန်ကေါက်မြို့တော်ကြီးရဲ့ ယဉ်ကြောပိတ်ဆို့မှုတွေကို
ခြောက်လနဲ့ အပြီးဖြေရှင်းမယ်လို့ ကြွေးကြော်ပြီး တက်လာခဲ့လိုက်တာ ၊
.
စီးပွားရေးပိုင်းမှာ အောင်မြင်ခဲ့တဲ့ သူ့လက်ထက်မှာ ၊
နိုင်ငံကို ကုပ္မဏီကြီးတစ်ခုလို စီမံခန့်ခွဲပစ်လိုက်ရာက ၊

- ဆယ်စုနှစ်တစ်ခုကျော် ငြိမ်းချမ်းသွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၊
ဗုံးတွေ တဖွတ်ဖွတ်ပေါက် ၊

- သူ့ကိုထေါက်ခံသူနဲ့ ဆန့်ကျင်သူတွေကြား လွန်ဆွဲပွဲကြောင့် ၊
တအုံ့အုံ့တနွေးနွေး ဖြစ်နေခဲ့တဲ့ ထိုင်းအချင်းချင်း ခွဲခြားဆက်ဆံမှုတွေ
ပိုပူပြင်းလာပြီး ၊ နိုင်ငံ နှစ်ခြမ်းမကွဲရုံတမယ်ပါပဲ ။

(ရေးရင်းနဲ့ ချော်လာပြီ) ။
.
မူရင်းကို ပြန်ကေါက်ရရင်တော့ ၊

နကိုကတည်းက ပူတင်-ဒူတာတေ တို့လို ၊
တည်ကြည်သိက္ခာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေမဟုတ်ပဲ ၊
လူပျက်လိုလို လူကြမ်းလိုလို လူတွေနဲ့တင် တော်လှပါပြီ ။
.
ဒေါ်နယ်ထရမ့်လို စကါးပေါက်ပေါက်ဆုပ်ကြဲတဲ့
လူတစ်ယောက်ပါ ထပ်တိုးလာရင်တော့ ၊

အင်း ၊ ရှယ်ပဲ ရှယ်ပဲလို့သါ ပြောရတော့မယ်ထင်ပါတယ် ။
(ရှယ်ပဲ-ဆိုတာက စိတ်လေဖို့ကေါင်းတာနဲ့
ကမ္ဘာကြီးပါ ကမောက်ကမဖြစ်မှာကို ဆိုလိုတာပါနော) ။
.
နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အဖွဲ့စည်းတစ်ခုကို
ဦးဆောင်-စီမံ-အုပ်ချုပ်ရာမှာ ၊
အခု စာကလေးကြော်-အခုဆီထမင်း (အခုပဲ အာလူး - အခုပဲ မုန်လာဥ)
လုပ်လို့မရတဲ့ သဘာဝကို ပြောပြချင်တာပါ ။

လောကငရဲတွေကို မဖိတ်ခေါ်မိဖို့ သတိပေးတာပါ ။.
ပြီး၏ ။

Mahn Koko
 

No comments: