Monday, October 3, 2016

သိပ်မရေးချင်ပေမယ့် စိတ်အချဉ်ဖြစ်လို့ ရေးတဲ့ကဗျာ

ငါတို့ ဟာ-
အဲ့ဒီ ကတ္တရာလမ်းမကြီးမှာပဲ
ခပ်ပြင်းပြင်းနင်းလျှောက်
တောက်ခေါက်သံတွေနဲ့ ...
ကျောင်းသားသမဂ္ဂ တောင်းဆိုသံတွေပေါ်ပေါက်ခဲ့ဖူးတယ်။
ဗိုလ်နေ၀င်းတောင်
ခြောက်ခြားကာ
စစ်တပ် ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
ပစ်ရင် မှန်အောင်ပစ်တယ် ခြိမ်းခြောက်ဖူးတယ်။
အဖေကြီးခေတ်
အဘခေတ်
အမေခေတ် ရောက်ပေမယ့်လည်း
ကျောင်းသားသမဂ္ဂ ဆိုတာ ဝေရာမဏိဖြစ်နေတယ်။
ကျောင်းသားသမဂ္ဂကို
အင်န်စီအေ(Nationwide Ceasefire Agreement) လိုမျိုး
ထီးရိပ်မိုးကာ လက်တွဲခေါ်သွားမယ့် ခေါင်းဆောင်တွေက ရှားမှ ရှားပဲ။
မျိုးဆက်ဆိုတာ
ဗိုလ်အောင်ဆန်းနဲ့ မဆိုင်
ဗိုလ်နေ၀င်းနဲ့ မဆိုင်
ဒေါ်အောင်ဆန်းစုကြည်နဲ့  မဆိုင်
သမိုင်းကသာ ပိုင်ဆိုင်တယ်။
အမေဂုဏ်တော်ရွတ်ဆိုနေတဲ့ခေတ်မှာ
ငါတို့ ရဲ့  လူစွမ်းလူစ တုံးနေတာက မြင့်မားလာတယ်။
လူဆိုတာ
မိမိကိုယ်သာ ယုံကြည်မှုရှိလေ
ပိုမိုမြင့်မြတ်လေဖြစ်တယ်။
ရင်ဘတ်စည်းတီးခဲ့တဲ့ခေတ်တွေ မနည်းတော့ဘူး
လူထုဖါသာ ကျောချင်း ရင်ချင်းကပ်ကာ
ကပ်အမျိုးမျိုးကို ကျှော်လွှားခဲ့တယ်။
ခေါင်းဆောင်တယောက်က
မိုက်တလုံးရှေ့ ရောက်ရင်
သူ့ အယူအဆ သူပြောမယ်။
သူပုန်တယောက်က
စစ်မြေပြင်မှာ
သူ့ သေနတ်ကို သူ အားကိုးမယ်။
မတူညီတာဆိုလို့ 
စစ်ကျွန်စံနစ်ဖွဲ့ စည်းပုံကို
ကာကွယ်စောင့်ရှောက်မယ်ဆိုကာ
ကျမ်းကိုင်ရွတ်ဆိုမှုအောက်မှာ
ငါတို့ ဟာ စစ်ကျွန်စံနစ်ဥပဒေအလိုမရှိဆိုတဲ့
လက်မှတ်(၅)သန်း လိုက်ကောက်ခဲ့ဖူးတယ်။
မျက်လုံးတလုံး အဖောက်ခံရ
ဆိတ်ငြိမ်မှုဟာ တိတ်ဆိတ်နေတယ်။
နားတဖက် အလှီးခံရ
ရန်-ငါစည်းဟာ
အတားအဆီးမဲ့နေတယ်။
ပါးစပ်တပေါက်
အပိတ်အပင်ခံရ
နောက်ကျောဓါးထိုးခံရတယ်။
မြစ်ကြောင်းတွေ ပြောင်းရင်တောင်
သောင်ထွန်းပေမယ့်
အမှောင်ထဲမှာ အလင်းရောင်ကို
နောင်မျိုးဆက်တွေ ရှာနေတယ်။ ။
ဧရာ
၁၊၁၀၊၂၀၁၆a


No comments: