Monday, October 10, 2016

၈၈နောက်ပိုင်း ပေးဆပ်ခဲ့တာတွေ အနစ်နာခံခဲ့တာတွေ ဘဝပေါင်းများစွာရင်းနှီးခဲ့ရ...တာတွေဟာ အခုအမတ်တွေနဲ့အတူ ဘာနေရာမှမယူပဲခံယူချက်နဲ့အပြင်စည်းကနေဝိုင်းဝန်းထောက်ခံပံ့ပိုးပေးနေတဲ့ ပြည်သူတွေအများကြီးရှိတယ်ဆိုတာမမေ့နဲ့..

Nurhad 19 hrs

ဒါဏ်ရာကိုဆားပတ်တာတော့မဟုတ်ဘူး...
နောင်မဖြစ်ရလေအောင်ကျန်တဲ့အမတ်တွေဆင်ခြင်ကြဖို့ပြောတာ..
၈၈နောက်ပိုင်း ပေးဆပ်ခဲ့တာတွေ အနစ်နာခံခဲ့တာတွေ ဘဝပေါင်းများစွာရင်းနှီးခဲ့ရ...တာတွေဟာ အခုအမတ်တွေနဲ့အတူ ဘာနေရာမှမယူပဲခံယူချက်နဲ့အပြင်စည်းကနေဝိုင်းဝန်းထောက်ခံပံ့ပိုးပေးနေတဲ့ ပြည်သူတွေအများကြီးရှိတယ်ဆိုတာမမေ့နဲ့..
ပြည်သူလူထုလိုချင်တာ သန့်ရှင်းသော ဒီမိုကရေစီပြည်သူ့အစိုးရ.
ဒါကြောင့်လည်းအမျိုးမျိုးနှိပ်ဆက်ခံအညှင်းပန်းခံတွေးထိုးလှုပ်ဆော်မှု့ကြားထဲကနေပြည့်သူ့ပါတီကိုမဲပေးခဲ့ရခြင်းဖြစ်တယ်။

ရွေးကောက်ပွဲကာလကိုပဲပြောရမယ်ဆိုရင် လူအများသိထားကြပြီဖြစ်တဲ့ ပြည်ပနိုင်ငံ စင်္ကာပူကမြန်မာတွေဆို ခင်ဗျားတို့ကိုယုံကြည်လွန်းလို့ အားကိုးချင်လွန်းလို့ အအိပ်ပျက်အစားပျက်အလုပ်ပျက်ခံပြီး လမ်းဘေးမှဖြစ်တလိုနေ ဖြစ်တလိုအိပ် ခင်ဗျားတို့ကိုထောက်ခံမဲပေးခဲ့တယ်။ ထို့အတူ ထိုင်း မလေးရှား ဂျပန် ကိုးရီးယား ပြစ်သစ် ဂျာမနီ အမေရိကမှာရှိတဲ့ မြန်မာနိုင်ငံသားပြည်သူတွေကလည်း ခင်ဗျားတို့ကို ယုံကြည်မှု့အပြည့်နဲ့
ထောက်ခံမဲတွေပေးခဲ့ကြတယ်၊ ဒီနေရာမှာ ပြောချင်တာက လူအများမသိသေးတဲ့ ပြည်ပနိုင်ငံမှာနေတဲ့ ပြင်သစ် ဂျာမနီ သြစတေးလား ထိုင်း မလေးရှားက မြန်မာတွေ အကူးအပြောင်းကာလ
စစ်အာဏာရှင်ကိုမုန်းတီးရွံရှာလွန်းလို့ ခင်ဗျားတို့ကို ယုံကြည်အားကိုလိုစိတ်အပြည့်နဲ့ ထောင်နှာခမ်းနင်း အသက်တွေရင်းပြီး
အောက်လမ်းကနေ မြန်မာပြည်ကိုမရ ရတဲ့နည်းနဲ့ ငွေကုန်ကြေးကျခံပြီး အမိမြေကိုပြန်လာ မဲလာပေးခဲ့ကြတာ အများကြီးရှိတယ်ဆိုတာ မမေ့စေချင်ဘူး။ တစ်ချို့ပုဂ္ဂိုလ်တွေဆို မိဘသေဆုံးတာတောင် မိမိဇာတိကိုမပြန်နိုင်ခဲ့ပဲ ယခုလိုရွေးကောက်ပွဲမှာ တိုင်းပြည်ချစ်တဲ့စိတ်
ပြည်သူ့အစိုးရလိုချင်တဲ့စိတ်နဲ့ အာဏာရှင်ကိုဖြုတ်ချဖို့ မြန်မာပြည်ကိုပြန်ခိုးဝင်ပြီး မဲလာပေးခဲ့တဲ့လူတွေလည်း ရှိခဲ့တယ်။

ပြည်ပက ဒီလိုဒုက္ခတွေကြားထဲကနေ မဲတစ်ပြားလေးပေးရဖို့ ရင်းနှီးခဲ့တဲ့အရင်းအနှီးတွေ၊ ရွေးကောက်ပွဲမှာ မဲရဖို့ တစ်အိမ်တက်တစ်အိမ်ဆင်း လမ်းချိုလမ်းကြား မိုးရွာမရှောင် နေပူမရှောင် အဆဲပေါင်းများစွာ အနှောက်အယှက်ပေါင်းများစွာကြားထဲက ကိုယ်ကြိုးမကြည့်ပဲ ဘေးကနေဝိုင်းရံပြီး ခင်ဗျားတို့မဲရအောင်ကြိုးစားပေးခဲ့တဲ့ ပြည်တွင်းကပြည်သူအများကြီးရှိတယ်ဆိုတာ မမေ့စေချင်ဘူး။
ယခုပြည့်သူ့အစိုးရအုပ်ချုပ်ခွင့်ရတာ တစ်နှစ်မပြည့်သေးပါဘူး။
ပြည်သူတွေရဲ့ ယုံကြည်မှု့ အားကိုးမှု့ လေးစားမှု့တွေကို ခင်ဗျားတို့အကျင့်ဆိုးတွေနဲ့ မလဲလိုက်ပါနဲ့..

ခင်ဗျားတို့ရဲ့ အကျင့်ဆိုး စရိုက်တွေကြောင့် ထောက်ခံအားပေးဝိုင်းရံနေကြတဲ့ ပြည်သူလူထုမျက်နှာကို အရှက်ခွဲဖို့မကြိုးစားပါနဲ့..
ကျုပ်တို့ပြည်သူတွေပေးထားတဲ့တာဝန်ကို ခင်ဗျားတို့အပြည့်အဝတာဝန်ယူထမ်းဆောင်ပါ။မလုပ်နိုင်ရင် ထွက်လိုက်ပါ။ ပုံရိပ်ကျဆင်းအောင်တော့ ခင်ဗျားတို့အကျငိ့ဆိုးနဲ့
အရောင်မဆိုးပါနဲ့....

ထက်ပြောမယ်...ကျုပ်တို့အမေစုကို ယုံကြည်လွန်းလို့ သူမရဲ့ကိုယ်ကျင့်တရားကို လေးစားလွန်းလို့ သူမတည်ထောင်ထားတဲ့ပါတီ
သူမချမှတ်ထားတဲ့လမ်းဆင်ကို ဝိုင်းရံပြီးမဲပေးခဲ့တာပါ။

ခင်ဗျားတို့အကျင့်ဆိုးတွေကြောင့် သူမပုံရိပ်ကိုအထိအခိုက်မခံနိုင်ဘူး။
သူမရဲ့မူကိုလည်းအထိအခိုက်မခံနိုင်ဘူး။ အဲဒီအတွက် ဘယ်သူဘာပဲဖြစ်နေဖြစ်နေ ကျုပ်တို့ပြည်သူတွေ လုံးဝဆန့်ကျင်ဖို့အသင့်ပဲဆိုတာ ခေါင်းထဲထည့်ထားလိုက်ပါ..

အစိုးရသစ်အာဏရပြီးနောက်ပိုင်း ယနေ့အချိန်ထိပြည်သူတွေ လုံခြုံပြီးအေးချမ်းတဲ့အရိပ်ကောင်းမစံရသေးဘူး။ ခင်ဗျားတို့အာဏာရှင်ပုံတူ စည်းစိမ်ခံဖို့စိတ်မကူးနဲ့..
"လုပ်နိုင်ရင် လုပ်
မလုပ်နိုင်ရင် ထွက်
ပြည်သူတွေရဲ့ ယုံကြည်မှု့ကိုတော့ မစော်ကားကြနဲ့ ”

လေးစားစွာဖြင့်
Love hunter

No comments: