Tuesday, October 11, 2016

ပြည်တွင်းစစ်ကို ရပ်ဘို့ဆိုရင် ...ငြိမ်းချမ်းရေးကို ပိုရှေ့ရှု....

Ko Myoe  14 hrs

ခုတလော ကချင်ဘက်၊ ရှမ်းပြည်ဘက်၊ ကရင်ဘက်မှာ တိုက်ပွဲတွေဖြစ်လာလို့ ငြိမ်းချမ်းရေးအစပြုဖြစ်စဉ်ကို ထိခိုက်မလားဆိုပြီးပြောကြဆိုတာတွေရှိတယ်.....အဲဒီထဲမှာ တချို့ကပြောလာတာက စစ်တပ်ကိုချည်းဘဲ ဘာလို့ပြောနေတာလဲ....တိုင်းရင်းသားသူပုန်တွေကိုရော ပြောပါလားဆိုပြီးပြောလာတာရှိတယ်....
ပြည်တွင်းစစ်သမိုင်း နှစ် ၆၀ ကျော်ရဲ့သမိုင်းကြောင်းကို မသိလို့ပြောနေတယ်လို့ယူဆပါတယ်....တကယ်တော့ စစ်ပွဲမှာ ယေဘူယျအားဖြင့် ကျုးကျော်စစ်နဲ့ ခုခံစစ်ဆိုတာရှိတယ်....လွယ်လွယ်ဥပမာပြရရင် အင်္ဂလိပ်တွေ ဂပျန်တွေ မြန်မာပြည်ကို လာသိမ်းတာ ကျုးကျော်စစ်၊ အမေရိကန်တွေ အီရတ်ကို ဝင်တိုက်တာ ကျုးကျော်စစ်ဘဲ၊ ခုခံစစ်ဆိုတာ ကျုးကျော်ခံရတာကို တားမြစ်ဆန့်ကျင်တဲ့စစ်၊ ဦးအောင်မြတ်တို့ကစပြီး ဗိုလ်အောင်ဆန်းအထိ ခုခံစစ်။
ကျုးကျော်စစ်က လူတစ်စုကိုဘဲ ကိုယ်စားပြုတယ်၊ ဖောက်ပြန်တယ်၊ ဗိုလ်ကျလိုစိတ်နဲ့လာတယ်....ခုခံစစ်က အမျိုးသားကို ကိုယ်စားပြုတယ်၊ အမှန်တရားကို ကိုယ်စားပြုတယ် ၊ လူသားဆန်တယ်၊ လွတ်မြောက်လိုစိတ် အညံ့မခံစိတ်၊ စွန့်လွှတ်အနစ်နာခံစိတ် ရှိတယ်။
ဒီနေ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်က အရင်းစစ်လိုက်ရင် တိုင်းရင်းသားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပစ်ပယ်တဲ့ အပြင် စစ်ရေးအရစိုးမိုးဘို့ ကြိုးစားရင်း နဲ့ ဖြစ်ရတာ...၁၉၄၈ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့ရတဲ့စစ်တပ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသားနယ်မြေတွေကို စစ်ရေးအရကျုးကျော်ယုံတင်မကဘဲ လူမျိုးရေးအရ ဖိနှိပ်လို့ဖြစ်ပေါ်ခဲ့ရတဲ့စစ်၊ ခုခံမှုကြောင့်ဖြစ်လာတဲ့စစ်၊
အဲဒီတော့ ပြည်တွင်းစစ်ကို ရပ်ဘို့ဆိုရင် ကျုးကျော်သူကိုသာ ရပ်ပါတော့လို့ ပြောရမှာ နိုင်ငံရေးအရမှန်တယ်၊ ငြိမ်းချမ်းရေးကို ပိုရှေ့ရှုတယ်။ ခိုးဘို့ဝင်လာသူကို မင်းစားနိုင်သလောက်ယူပါလို့ပေးနေရက်နဲ့ ဒီလောက်ဘဲ ရှိရလားဆိုရင် နာရင်းအုပ်လို့ ပြန်ချတဲ့သူကို အပစ်တင်တဲ့ကိန်းစိုက်သလိုဖြစ်နေတယ်.....အဲဒီသူခိုးသေအောင်လုပ်မိရင် ပြဿသနာကပိုကြီးပြီ......
ဒါကြောင့် ကျုးကျော်သူဖြစ်တဲ့စစ်တပ်ကို ထိုးစစ်တွေရပ်လိုက်ပါဆိုပြီးတောင်းဆိုတာ အဖြေကို ပြောတာလို့မြင်ပေးကြပါ......ဘယ်တိုင်းရင်းသားသူပုန်က မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ မော်လမြိုင်၊ ဖားအံကို ထိုးစစ်ဆင်ပြီး သိမ်းဘို့ကြိုးစားတာကြားဘူးလား၊
သူပုန်တွေက သစ်တွေ၊ သယံဇာတတွေတူးနေလို့ပါ...ဒါကြောင့်စစ်တပ်က လုပ်ရတာပါလို့ပြန်ပြောသူတွေရှိသေးတယ်...စစ်တပ် တတိုင်းပြည်လုံးမှာ လုပ်ချင်တာလုပ်တာကြတော့ မေ့ထားတာလား..အဲဒါဆို ခင်ဗျားတို့ ပြောချင်တဲ့ အမှန်တရားကဘာလဲ....တိုင်းရင်းသားတွေ သယံဇာတတွေထုတ်တာ၊ သစ်တွေခုတ်တာ ကောင်းလား...ယေဘူယျပြောရင်မကောင်းဘူး....ဒါပေမယ့် ၁။ သူတို့က သူတို့ အခွင့်အရေးအတွက်ကာကယ်ဘို့ ကိုယ့်ပစ္စည်းကိုယ်သုံးတာ ၂။ ဒါ သူတို့ပြည်နယ်က ပစ္စည်း၊ အဲဒီလိုသုံးတာကို ကျေနပ်ခြင်း၊ မကျေနပ်ခြင်း ကို သူတို့ ပြည်နည်သူပြည်နယ်သားတွေဆုံးဖြတ်လိမ့်မယ်.....
တချိန်တည်းမှာဘဲ...ကျဆုံးသော ၂ ဘက်လက်နက်ကိုင်အဖွဲ့ဝင်တွေအတွက် စိတ်မကောင်းပါဘူး....သူတို့အားလုံး မြန်မာပြည်သားတွေမို့လို့ ကိုယ့်ဆွေမျိုးတွေအရွယ်မတိုင်ခင် ကာကွယ်တားဆီးလို့ရတဲ့ အကြောင်းတရားနဲ့သေရရှာလေတယ်လို့ ယူကျုံးမရဖြစ်ပါတယ်....ခေါင်းဆောင်တွေမှားနေသ၍တွေ့ နယ်ရုပ်လေးတွေခံစားနေရမှာပါဘဲ....
နောက်ထပ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပစ်ရပ်စဲရေးစာချုပ်ကို ချုပ်နိုင်ပါလျက် (အားလုံး ပြည်ထောင်စုအဆင့်မှာ ချုပ်ထားပြီးသားနော်.....နိုင်ငံလုံးဆိုင်ရာမှာ ထိုးထာ မထိုးတာ ရှိသေးတာက တပိုင်း)....ဘာဖြစ်လို့ တိုက်ပွဲတွေဖြစ်နေပါလဲလို့ဆိုရင်....အပစ်ရပ်စာချုပ်အဆင့်ဆင့်မှာ တိုင်းရင်းသားတွေက အကြိမ်ကြိမ် အဆိုပြုခဲ့ပါလျက် နှစ်ဦးနှစ်ဘက် တပ်တည်နေရာချထားမှုကို စစ်တပ်က မသိကြိုးကြွင်ပြုခဲ့လို့ဘဲ......အဲဒါဘာကြောင့်လဲဆိုတာ ဆက်စပ်စဉ်းစားကြည့်ကြပါလား....

No comments: