Sunday, October 16, 2016

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယနိုင်ငံမှ ကော်ဇောနီခင်းပြီး ကြိုဆို (ရုပ်သံ)

16.10.2016

https://www.facebook.com/100010102650192/videos/349904868689599/

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အိန္ဒိယနိုင်ငံသမ္မတနဲ့ ၀န်ကြီးချုပ်တို့ရဲ့ ဖိတ်ကြား ချက်များ အရ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် အောက်တိုဘာ ၁၆ ရက်က အိန္ဒိယနိုင်ငံ ဂိုအာမြို့ကိုရောက်ရှိသွားပြီးဖြစ်ပါတယ်။ လေဆိပ်မှာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယ ၀န်ကြီးနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့  တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။ သူရဲ့ခရီးစဉ်အတွင်းမှာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် BIMSTEC Retreat အစည်းအဝေးနဲ့ BRICS-BIMSTEC Leaders' Outreach Summit တွေကို တက်ရောက်ဖို့ လည်းရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန က တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။
Maung Tun Wai
Video DVB TV

No comments: