Wednesday, October 12, 2016

သရုပ်ဆောင်မင်းသား အသစ်အလိုရှိပါက စစ်ယူနီဖောင်းဝတ် အချောင်သမား မြန်မာ့စစ်တပ် ထိပ်သီးခေါင်းဆောင် သစ်ဟောင်းများနဲ့ ဆက်သွယ်ကြပါရန်...

12.10.2016 
ပြည်သူတွေကို မကြောက်ကြောက်အောင် ခြောက်ပြနေတာတွေ...
တို့တပ်မတော်ကြီးရှိမှ ပြည်သူတွေလုံခြုံမယ်ဆိုတဲ့ သဘောထားလက္ခံမူ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ သရုပ်ပြဇတ်ဝင်ကွက် ပန်းချီကားချပ်ကြီးတွေကို တလိပ်ပြီးတလိပ် အဖိတ်စင်မရှိအောင် အင်တိုက်အားတိုက် လုပ်နေကြတာတွေ...
...
ကိုယ့်လူမျိုးစုံ တိုင်းရင်းသား မောင်နှမ ကချင်တွေကိုလဲ ဘာသာမတူလို့ နှိမ့်ကွပ်တာကတမျိုး...
ဘာသာတူပြန်တဲ့ DKBA ကျပြန်တော့လဲ BGF ကိုတွန်းပြီး ဇတ်တူသားချင်းချင်းစားခိုင်း...
ခပ်ကြောင်ကြောင်ငတုံးအုပ်စုတွေကလဲ ဝေးလေးဝါးလားနဲ့ ဝီရသူနောက်ကိုလိုက်ကြပြန်
အများကြီးရှိတဲ့ ခလုတ်တွေထဲက တခုကိုနှိမ့်လိုက်တာနဲ့ .. အဲဒီအိမ်မြှောင်မြီးပြတ် တထွေးလုံး "ဝုန်းကနဲ" ထကြ ခုန်ကြ ပြေးကြ လွှားကြ မျက်ရိပ် မျက်ကဲတွေပြကြနဲ့ ... အလုပ်ကိုရှုပ် မျက်စိကို နောက်နေတာပဲ...
ဇတ်ဝင်ဇတ်ထွက်ခန်းတွေ ဒီလောက်ကျွမ်းကျင်နေမှတော့ အနုပညာလောကမှာ ဗီဒီယိုခွေပဲ ထုတ်စားကြပါတော့လားကွာ...
မင်းတို့ရင်ထဲဘာတွေရှိ ငါသိနေတယ်
Minthura Wynn

No comments: