Friday, October 21, 2016

ကျွန်မတို့ နိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်တာမျိုး ခွင့်ပြုမှာ မဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

22.10.2016
နယ်ခြားစောင့် ရဲစခန်းအား တိုက်ခိုက်ခဲ့သူများဟု ယူဆရသူများက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်များတွင် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ရည်ရွယ်ကြောင်း ရှင်းလင်းစွာ ပြောကြားထားပြီး ကမ္ဘာအနှံ့မှ မွတ်ဆလင် ညီနောင်များ ယင်းတို့နှင့် ပူးပေါင်းပါဝင်ရန် နှိုးဆော်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၀ါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
က နိုင်ငံအတွင်း ကြုံတွေ့နေရသည့် ပြသ၁နာများကို ဖြေရှင်းရန် အချိန်ယူရမည် ဟု ပြောကြား ခဲ့သည်။ NLD အစိုးရသက်တမ်း ၆ လခန့်အကြာ၊ နိုင်ငံအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေသည့် ပဋိပက္ခများ တစ်ကြော့ပြန် ဖြစ်ပွားနေချိန် တွင် ဒေါ်အောင်ဆန်းစုကြည်က ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တွေ့ဆုံအင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်း များစွာအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အကျပ်အတည်းများ ကြုံတွေ့နေရ
ချိန်တွင် ယခုလ အစောပိုင်းတွင် ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်း သုံးခုကို တိုက်ခိုက်ခံရပြီး ရဲ ၉ ဦး သေဆုံး ခဲ့ရခြင်းကြောင့် ပဋိပက္ခ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

“ကျွန်မတို့ အခြေအနေကို ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှု အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မတို့
နိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်တာမျိုးခွင့် ပြုမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုကြောင့် ဘာမှ ပြောင်းလဲမှာ မဟုတ်တဲ့
အတွက် အကြမ်းဖက်ဝါဒ ဘယ်လိုပုံစံကိုမှ လက်မခံ
ပါဘူး။ အကြမ်းဖက်ဝါဒ ပေါက်ဖွားကြီးထွားလာမှုကို ဘယ်လိုနည်းနဲ့မှ ခွင့်ပြု လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ယင်းက “ကိုယ်ဖြစ်ချင်တာကို အကြမ်းဖက်တဲ့နည်းသုံးပြီး လုပ်နိုင်တယ်ဆိုတဲ့ အမြင်ကို အမြစ်ဖြတ်ရပါမယ်။ ဒါကြောင့် အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်နှိမ်နင်းဖို့ လိုတယ်လို့ ကျွန်မပြောတာပါ” ဟု ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ရွေးကောက်ခံ အရပ်သားအစိုးရအဖြစ် မတ်လကုန်တွင် စတင်တာဝန်
ယူခဲ့သည့် NLD အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်
များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်မှာ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည်ဟု ပြောကြားထားသည်။ သို့သော် NLD အစိုးရအနေဖြင့် နိုင်ငံရေး အာဏာ ဆုပ်ကိုင်
ထားဆဲဖြစ်သည့် စစ်တပ်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် နှင့် ဆယ်စုနှစ်များစွာ ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေးကို ပြန်လည် တည်ထောင် ရန်လည်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မတီကို သြဂုတ်လတွင် ဖွဲ့စည်းခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များအား နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သော်လည်း ဘင်္ဂါလီအများစု က ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်းရှိ ပြသ၁နာများကို ဖြေရှင်းရန် အချိန်ယူရမည်ဟု ၀ါရှင်တန်ပို့စ် သို့ ပြောကြားခဲ့သည်။
ယင်းက “ရခိုင်ဒေသ အခြေအနေဟာ ဆယ်စုနှစ်များစွာ ပြသ၁နာတွေရဲ့ အကျိုးဆက်ပါ။ နေ့ချင်းညချင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ နေ့ချင်းညချင်း ဖြေရှင်း
လို့ မရပါဘူး။ ပြသ၁နာက ပြီးခဲ့တဲ့ ရာစုနှစ် ကတည်းက အစပြုခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News
Ref - Washiongton Post
ဓါတ်ပုံ ဘိုဘိ

No comments: