Saturday, October 8, 2016

အကြောင်းသိတွေမို့.ပြောရဦးမယ်.........သူငယ်ချင်း

၇. ၁၀. ၂၀၁၆
ငယ်ကျိုးငယ်နာ..........ဖော်နေတာတော့မဟုတ်ဘူး။
ကိုယ့်တိုင်းရင်းသားတွေအကြောင်း.....ကိုတွေသာအသိဆုံးမို့
ပြောရဦးမယ်..........သူငယ်ချင်း။
အနေနီးရင်တကြိတ်ကြိတ်နဲ့- အနေဝေးရေဝေးသွားတဲ့အခါ
လွမ်းသတသနဲ့........လွမ်းချင်းစကားတွေဆိုပြီးသတိရနေလိုက်ကြတာ။
ပြန်လည်တွေ့ဆုံတဲ့အခါ.......ဖက်လှဲတကင်းနဲ့
ရှေ့ဟောင်းနောက်ပစ်စကားတွေဆိုကာ.......ငါဆီလာဦး
သူဆီလာပါနဲ့........အလည်လာဖို့ဖိတ်ခေါ်နေလိုက်ကြတာ- ဗျာ။
ချစ်နေတာလည်းသူတို့ပဲ.......မုန်းနေတာလည်းသူတို့ပဲ
တခါတခါ..........ဘာပြောရမှန်းကိုမသိဖြစ်သွားတယ်။
နောက်ပြီး.....မြန်မာပြည်ကတိုင်းရင်းသားတွေက
အထူးသဖြင့်.......ကိုယ်ထိမှနာတတ်ကြတာက- ဆိုးတယ်။
ဘာလို့လည်းဆိုတော့- မြန်မာပြည်ကြီးဆင်းရဲတွင်းနက်နေတာကိုသိလျှက်နဲ့
မသိကျိုးကျွန်ပြု ကာ.....
ကိုယ့်နဲ့မဆိုင်သလိုနေတတ်ကြတဲ့ အကျင့်စရိုက်ကဆိုးလွန်းပါတယ်။
အဲဒီစရိုက်တွေကြောင့်........အာဏာရှင်စနစ်ဆိုးကြီး
မြန်မာပြည်မှာသက်ဆိုးရှည်နေတာကိုသိခဲ့ရင်.....အနေချောင်လို့
ခေါင်ရှောင်နေတဲ့ အကျင့်ဆိုးတွေကိုဖျောက်ပစ်ရတော့မယ်။
ရှင်းရှင်းပြောရင်ရဗျာ.......ကျနော်တို့တိုင်းရင်သားတွေသာညီညွှတ်မှုရှိနေရင်
အဲဒီပေါင်းစည်းအားနဲ့........ဘယ်ရန်သူကိုမဆိုချေးမှုန်းပစ်နိုင်တဲ့စွမ်းအား
ဘယ်အန္တရာယ်ဆိုးကိုမဆို......ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့်စွမ်းအား
ဘယ်အရာကိုမဆိုစွမ်းဆောင်နိုင်တဲ့စွမ်းအား.......ရှိတယ်ဆိုတာယုံ။
အကွဲကွဲအပြဲပြဲနဲ့..........နှစ်ယောက်တစ်ဖွဲ့
ရန်သူ့စိတ်ကြိုက်.........ထိုးနှက်တိုက်ခိုက်ရန်ပြုနေကြဦးမယ်ဆိုရင်တော့
ခင်ဗျား- ကျနော်........ဒီဘဝ
အဆိုးသံသရာစက်ဝန်းထဲကနေ............လွတ်ဖို့မစဉ်းစားနဲ့တော့။
( ကိုဗလိုင် )
စာကြွင်းအနည်းငယ်ရေးသားလိုပါတယ်။
ဒို့ကျောင်းသားများ.........ညီသဟေ့။
ဒို့ပြည်သူများ.........ညီသဟေ့- ဘယ်နေရာမှာလည်းတော့မသိဘူး။
ကျနော်တို့တတွေ.........ညီညွှတ်နေလို့တော့ကဗျာ..။
ဒါကြောင့်........ရှေ့မှာသပိတ်တိုက်ပွဲတွေဆင်နွဲကြဖို့
ဓါးသွေးပြီး...........အားမွေးထားကြပါလို့....။
အဲဒီသပိတ်ကတော့- ပြည်တွင်းစစ်ရပ်စဲဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့၊
တပ်မတော်ကိုမူလတာဝန်ပြန်လည်ထမ်းစေဖို့ပဲဖြစ်တယ်။

No comments: