Saturday, October 8, 2016

ပြိုကွဲ မြန်မာ

Mahn Koko 34 mins ·
08.10.2016
မြန်မာပြည်ကို ထေါင့်စေ့အောင်သုံးသပ်သူတွေကအစ - သတိမထါးမိတဲ့ ၊
မဟုတ်ရင်လည်း - မတို့မထိတဲ့ ၊
ဒါမှမဟုတ် - မတို့မထိရဲတဲ့ ၊
“ချိန်ကိုက်ဗုံးတစ်လုံး” ကို အတိုချုပ်ပြောပြမယ် ။
.အခုလက်ရှိ တိုင်းရင်းသါးတွေထဲမှာ ၊
လက်နက်စွဲကိုင်ဖို့ ‘စိတ်’ ပိုင်းအရ အဆင်သင့် ဖြစ်နေသူတွေ
အနည်းဆုံး “သေါင်း” ကဏာန်း ရှိတယ် ။
.ဒါဟာ တကယ့် ချိန်ကိုက်ဗုံးတစ်လုံးပဲ ။
.ဒါကို စနက်တံ ဖြုတ်ပေးလိုက်လို့ကတော့ ၊ မြန်မာပြည်အတွက် မိုးပြိုမှာပဲ ။
‘သေါင်း’ ကဏာန်းဟာ ၊ ဆင့်ကဲသက်ရောက်မှု (domino effect) အရ
ခဏလေးနဲ့ ‘သိန်း’ ကဏာန်းအဖြစ်ပြောင်းလဲသွားဖို့ မခက်ခဲဘူး ။
ဒီလို မိုးပြိုပြီဆိုရင် ဘယ်လိုမှ တါးဆီးလို့ မရနိုင်တော့ဘူး ။
.အဲဒီလို ဖြစ်ပြီဆိုရင် ဘါတွေဆက်ဖြစ်မလဲ ။
.ပထမဆုံး မီးဟုန်းဟုန်းတောက်မှာတော့ သေချာတယ် ။
ဘါချိုးဖေါက်မှု ညာချိုးဖေါက်မှုတွေ ဘါမှမပြောနဲ့ ၊ အါးလုံးကျိုးပေါက်မယ် ။
ပြီးတော့ ၊ ဘယ်ဖက်မှလည်း မနိုင်ဘူး ၊ အားလုံး အပြန်အလှန် ခံကြရမှာပဲ ။
.အဲဒီရဲ့ နောက်ဆက်တွဲ လိုက်လာမှာက ၊
မြေလှန်စနစ် (scorch earth tactic) နဲ့
“အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှု” (mass migration) တွေပဲ ။
.အဲဒီအခါကျ ၊
‘တို့တွေဟာ တစ်မြေထဲနေ တစ်ရေထဲသောက် ညီရင်းအစ်ကိုတွေပါ’ ဆိုတာ
-အလှစကါး- သက်သက်ပဲလို့ သိလာလည်း ၊ အများကြီး နောက်ကျခဲ့ပြီ ။
ဆောရီးပါ ၊ မန်းကိုကိုလည်း လာကယ်လို့ မရဘူး ။
အဲဒါပြီးရင် ၊ လူမျိုးစုအလိုက် နယ်မြေတွေအလိုလို ပိုင်းခြားပြီးသါး ဖြစ်သွားမယ် ။
ဒီမှာတင် ၊ ဗမာပြည် ပြိုကွဲဖို့အတွက် တစ်ဝက်ပြည့်စုံသွားပါပြီ ။
ဒါတွေဖြစ်ဖို့ အဓိက -၂- ချက် ပြောစရာရှိတယ် ။
(၁) ရင့်မှည့်လာတဲ့ အခြေနေတစ်ရပ်မှာ ၊ စနက်တံဖြုတ်မယ့် နိုင်ငံ (သို့) အဖွဲ့စည်း ၊
ဒီလိုပြောရင် ၊ အများစုက တရုတ်ကိုပဲ ပြေးမြင်တယ် ။
ကိုယ့်အကျိုးအတွက် မြန်မာပြည်ကို စတေးမယ့်သူတွေထဲမှာ တရုတ်ပါပေမယ့် ၊
အခြား အလားလာရှိသူတွေလည်း အများကြီးပါ ။
အရေးအကြီးဆုံး သိထါးရမှာက - သူတို့က ‘စနက်တံ’ ပဲ ဖြုတ်မှာ ။
‘ဗုံး’က ကိုယ့်လက်ထဲမှာဆိုတာကို အရေးတယူ မစဉ်းစားကြတါကမှ တကယ့် “ပြသနာ” ။
(၂) ပြည်တွင်းမှာ နှစ် ၆၀ လောက် မီးမွှေးထါးခဲ့တဲ့ ‘ဗုံး’ လို့ ခေါ်နိုင်တဲ့ ၊
ရင့်မှည့်နေတဲ့ တိုင်းရင်းသား ပြသနာ ။
ဒီပြသနာကို နည်းကျလမ်းကျ မဖြေရှင်းတာက ၊ နောက်ထပ် “ပြသနာကြီး” တစ်ခု ။
ဗုံးဆိုရင် ခွဲပစ်လိုက် ၊ အနာဆိုတာ မှည့်ရင် ဖေါက်ထုတ်လိုက် - ဆိုတဲ့
အတွေးခေါ်မဲ့တဲ့ ဖြေရှင်းပုံတွေကိုပဲ ၊ သိထါး လက်ခံထါးကြတာကလည်း
တကယ့် နောက်ထပ် “ပြသနာ” တစ်ခု ။
ကိုယ့်နဲ့ဆန့်ကျင်သမျှ အားလုံးကို ‘အပြုတ်ဖြုတ်တာ’ ဟာ
‘ကြိုတင်ကါကွယ်’ တာ မဟုတ်ပဲ ၊ ထပ်ဆင့် “ဖန်တီး” နေတာပဲဆိုတာ
မသိနားမလည် လက်မခံနိုင်ရင်တော့ ၊ ဘယ်လိုမှ ပြသနာပြေလည်စရာ လမ်းမမြင် ။
ပွဲက မ,စခင်ကတည်းက ပြီးချင်နေပြီ ။
ဗုံးက စနက်တံ မဖြုတ်ခင်ကတည်းက ပေါက်ချင်နေပြီ ။
ဗမာပြည်ပြိုကွဲတာကို လုံးဝ မမြင်ချင်ဘူး ၊ အရမ်းပဲ စိုးရိမ်တယ်ဆိုရင် ၊
ဒီ ဗုံးဟာ “ကိုယ့်ဗိုက်ထဲက ဗုံး” ၊
မှည့်နေတဲ့အနာဟာ - ကိုယ့်ဗိုက်ထဲက အနာ - ဆိုတာကို လက်ခံနိုင်မှ ၊
နောက်တစ်ဆင့် အဖြေရှာဖို့ လမ်းပွင့်မယ် ။
ရှင်းရှင်းပြောရရင် ၊
ဗမာ့နည်း-ဗမာ့ဟန်-ဗမာ့လမ်းကြောင်း-ဗမာအဓိက အမြင်အတွေးတွေနဲ့
နောက်မကြည့်တမ်း သွားနေကြတာကိုက တကယ့်အရင်းခံ ပြသနာဖြစ်နေတယ် ။
ဒါကို မြင်မှရမယ် ၊ ပြင်မှ ရမယ် ။
ဒီနေရာမှာ အကေါင်းဆုံးရွေးစရာ တစ်လမ်းရှိတယ် ။
အဲဒါကို ပြန်လည်ပေါင်းစည်းရေး/အမျိုးသါးရင်ကြားစေ့ရေး (reconciliation) ပဲ ။
ဒါကို လုပ်တဲ့လမ်းကြောင်းမှာ ၊
ပြည်မသား အတော်များများက ၊
သူတို့ဖက်က တရားလွန် အလျှော့ပေးနေရတယ်လို့ ထင်တယ် ။
တကယ်တန်းမှာ ၊ နကိုထဲက ‘သီးခြားနိုင်ငံ ထေါင်နိုင်တဲ့အခွင့်အလမ်း’ ကနေပြီး ၊
အများကြီး အလျှော့ပေးထါးရတဲ့ တိုင်းရင်းသါးတွေဖက်က အနေထါးကို ၊
ပကတိအတိုင်း လက်မခံနိုင်ကြတာကိုက တကယ့်အဟန့်အတားကြီးပဲ ။
အဲဒီတော့ ဆုသါ နာနာတောင်းကြပေါ့ဗျာ ။
မြန်မာပြည် မပြိုကွဲဖို့တော့ မဟုတ်ဘူး ။
ပြိုကွဲတဲ့အခါမှာ ၊ မီးတောက်ကြားထဲ ကိုယ်ရောက်မနေဖို့နဲ့
သက်သက်သာသာ ကျော်ဖြတ်နိုင်ဖို့ပါ ။
ငရဲတံခါးက လက်တစ်ကမ်းလေးတင်ပါ ။

No comments: