Thursday, October 6, 2016

ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အမတ် ဒေါ်စန္ဒာမင်း

Kyaw Swar Myint
3 hrs
“ကျွန်မရဲ့ ပြည်ထောင်စု အတွေ့အကြုံအရ ပြောမယ်ဆိုရင် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေ၊ ဘဏ္ဍာငွေ မှားယွင်းစွာ သုံးမှုတွေနဲ့ ခေါင်းစဉ်လွဲမှားစ...ွာ ငွေသုံးစွဲမှု
တို့ ရှိခဲ့တယ်ဆိုတာကို စစ်ရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးချက်အရ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အရေးယူမှုပိုင်းမှာ ပျက်ကွက်ခဲ့
ပါတယ်။ အခုတော့ အစိုးရလည်း ပြောင်း သွားပြီ။ စာရင်းစစ်ချုပ်
လည်း ပြောင်းသွားပြီဆိုတော့ အရေးယူမှု အပိုင်းမှာ ပိုပြီးတော့ လုပ်နိုင်လာအောင် ဒီလိုမျိုးအဆိုတွေ တင်ရခြင်းဖြစ်ပါတယ်”

“ကျွန်မတို့လွတ်တော်အနေနဲ့ စာရင်းစစ်ချုပ်ရဲ့ ကိန်းဂဏန်းကိုပဲ အတည်ယူပြီးတော့ မှီခိုရပါတယ်။ ပြီးတော့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာ မှန်တယ်၊ မမှန်ဘူးဆိုတာကို အပြင်မြေပြင်ရဲ့ အခြေအနေကိုကြည့်ပြီး တိုင်းတာရပါတယ်”
“ဥပမာတစ်ခုကို ပြောရရင် ညလုံးပေါက်ရောင်းတဲ့ ဈေးတွေဆီက အခွန် ဘယ်လောက်ရနေတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ပြောရမယ် ဆိုရင်တော့ နေ့ဘက် ရောင်းတဲ့ ဈေးတွေဆီက အခွန်တွေပဲ နိုင်ငံတော် ဘဏ္ဍာဖြစ်သွားပြီး ညဘက်ရောင်းတဲ့ ဈေးတွေကတော့ နိုင်ငံတော် ဘဏ္ဍာဖြစ်မလာပါဘူး”
“ကျွန်မတို့အမတ်တွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ သွားရောက် စစ်ဆေးပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ အစီရင်ခံစာကို မူတည်ပြီးတော့ ဘယ်ဌာနက ဝန်ထမ်းတွေက အဂတိလိုက်စားမှုတွေ၊ မရိုးသားမှုတွေ လုပ်နေလဲဆိုတာကို စောင့်ကြည့်နိုင်ပါတယ်”
ဒေါ်စန္ဒာမင်း
ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အမတ်
The Ladies New.

No comments: