Sunday, October 30, 2016

မြန်မာသမိုင်းအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းကာ ပကတိဖြစ်ရပ်မှန် မြန်မာ သမိုင်းကို ဖော်ထုတ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးကဆို

မြန်မာသမိုင်းအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းကာ ပကတိဖြစ်ရပ်မှန် မြန်မာ သမိုင်းကို ဖော်ထုတ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးကဆို
Saturday, October 29, 2016
 
မြန်မာသမိုင်းအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းကာ ပကတိဖြစ်ရပ်မှန် မြန်မာ သမိုင်း ကို ဖော်ထုတ်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
...
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ အမျိုးသား စာကြည်တိုက် (ရန်ကုန်)တွင် ပြုလုပ်သည့် မြန်မာသမိုင်း အဖွဲ့ ပုံမှန်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက “အခု အသစ်ပြင်ဆင်ဖွဲ့စည်းမယ်။ သမိုင်းပညာရှင် များက သမိုင်းကို အရှိတိုင်း၊ အမှန်တိုင်း ပြန်လည်တည့်မတ်ရေးဆွဲဖို့ အတွက် ကို သူတို့သမိုင်းနဲ့ ပတ်သက်တဲ့ သတင်းအခြေအမြစ် ရမယ့်နေရာတွေ ရှိပါ တယ်။ အဲ့ဒါတွေက ခုနက မြန်မာနိုင်ငံ စာကြည်တိုက်များ အခြား စာကြည့် တိုက် များ၊ ၀န်ကြီးဌာန စာကြည်တိုက်များ၊ နိုင်ငံတော် မော်ကွန်းတိုက် NGO အဖွဲ့တွေ ဖြစ်တယ်။ ၈၈ အဖွဲ့လို အဖွဲ့အစည်းတွေဆီက သမိုင်းအချက်အလက် တွေကို ကွင်းဆင်းပြီး ညိုနှိုင်းပြီးကြဖို့ သာသနာရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနဲ့ ကြိုတင်ညိုနှိုင်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အချိန်အခါတစ်ခုက သမိုင်းပညာရှင်များက မြန်မာ သမိုင်းကြောင်း ရေးသားရန် အချက်အလက်များ ရယူရာတွင် ကန့်သတ်ချက်များ ရှိနေပြီး အစိုးရသစ် လက်ထက်တွင် အဆိုပါ ကန့်သတ်ချက်များ ဖြေလျှော့ကာ ပြည်သူများ ပါဝင်သည့် ပကတိသမိုင်းများ ပြုစုနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောခြင်းဖြစ်သည်။
သူရဦးအောင်ကိုက “နှစ် ၅၀ ကျော်လွန်ပြီးမှ သမိုင်းကို ယူကြည့်ခွင့် ရှိတယ်ဆိုတာဟာလေးက ခေတ်တစ်ခေတ်က ကန့်သတ်ချက်လေး ရှိခဲ့ဖူးပါတယ်။ ဒါကတော့ ခေတ်ပြောင်းသွားပါပြီ။ ဒီမိုကရေစီ ခေတ်မှာတော့ ဒီကန့်သတ်ချက်ကို ကျော်လွှားသွားမှာ ဖြစ်တယ်။ အခု လွှတ်တော်က အသေအချာ လုပ်ထားပြီးဖြစ်တယ်။ သမိုင်းအဖွဲ့က စတင်ဖွဲ့စည်းပါမယ်။ ဖွဲ့စည်းပြီးတာနဲ့ ခေတ်သစ်သမိုင်းကို စတင်ပြုစုမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထိုသို့ လုပ်ဆောင်ရန် လက်ရှိတွင် အဖွဲ့ဝင် ရှစ်ဦးသာရှိသည့် မြန်မာသမိုင်း အဖွဲ့အား ယာယီအနေဖြင့် ပြင်ပမှ အတွေ့အကြုံရှိ ဆရာကြီး၊ဆရာမကြီးများ ပါဝင်သည့် အမြဲတမ်းအဖွဲ့ဝင် ၁၆ ဦး၊ အချိန်ပိုင်း အဖွဲ့ဝင် ၁၃ ဦး ပါဝင်သည့် မြန်မာသမိုင်း အဖွဲ့အား ဖွဲ့စည်းထားကြောင်း ဆိုသည်။
ဝန်ကြီးက လက်ရှိယာယီ ဖွဲ့စည်းထားသည့် မြန်မာသမိုင်း အဖွဲ့အား ယခုလအတွင်း အစိုးရအဖွဲ့နှင့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက် ရယူကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းဟန်
The Ladies News

No comments: