Thursday, October 6, 2016

စိတ်မကောင်းဘူး- ပင်လုံရေ။

၅. ၁၀. ၂၀၁၆
မနက်အိပ့်ရာကထထခြင်း- မြန်မာပြည်ကသတင်းဖတ်ရှုလိုက်တာနဲ့ အပစ်
ခတ်တွေနဲ့ မိုက်လုံးဆက်ကြီးနေကြတဲ့ ငမိုက်သားတွေရဲ့ သတင်းတွေကိုကြား
ရတော့စိတ်မကောင်းဖြစ်မိပြီး၊ စစ်ပွဲကိုဖန်းတီးနေတဲ့ စစ်ခေါင်းဆောင်တွေ
ကိုလည်းဒေါသဖြစ်မီတာအမှန်ပါ။ ဘုရားသုံးဆူဘက်မှာ- တိုက်ပွဲဖြစ်နေတဲ့
သတင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ဘက်မှာတိုက်ပွဲဖြစ်ပွါးနေတဲ့သတင်း၊ စတဲ့
ခပ်ဆိုးဆိုးသတင်းတွေကိုမကြားချင်တော့တာအမှန်ပါ။ ဘာဖြစ်လို့လည်းဆို
တော့- ကျနော်တို့တိုင်းရင်းသားတွေဟာ ပစ်သံခတ်သံမကြားချင်တော့လို့ပါပဲ။
ဒါကြောင့်- စစ်ပွဲတွေရပ်ကြဖို့နဲ့ စစ်ပွဲတွေအဆုံးသတ်ဖို့လိုလားနေကြတာပါ။
အသေချာပြန်လည်တွေးကြည့်ရင်-လက်နက်ကိုင်အဖွဲ့အစည်းကခေါင်းဆောင်
တွေအားလုံးဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် သနားကြင်
နာတတ်တဲ့ စာနာစိတ်မရှိဘူးဆိုတာ- သူတို့လုပ်ရပ်တွေကသက်သေပြနေပါ
ပြီ။ ပြီးတော့- သူတို့ရဲ့ဟန်ဆောင်မျက်နှာဖုံးတွေလည်း တဖတ်စီကွာကျလို့နေ
ပါပြီး။ စစ်ပွဲဖြစ်နေကြတဲ့ အောက်ခြေရဲဘော်တွေကိုပြောချင်ပါတယ်- သေရင်
မင်းတို့သေမှာနော်၊ မင်းတို့မိန်မမတွေမုဆိုးမဖြစ်မှာနော်- မင်းတို့သားသမီး
တွေလောကအလည်မှာ မိစုံဖစုံနဲ့ မနေရပဲမျက်နှာငယ်ကြရမယ်နော်။ မင်းတို့
ကိုလည်းအာဇာနည်သူရဲကောင်းလို့ဘယ်သူ့မှအသိအမှတ်ပြုမှာမဟုတ်သလို-
မင်းတို့ကိုအာဏာရှင်တွေရဲ့ဒေါက်တိုင်အဖြစ်ပြည်သူတွေကခါးခါးတီးတီးမုန်း
နေကြပြီး။ အထက်အမိန့်အရလို့လာမပြောနဲ့ ဒီအချိန်မှာကိုပိုင်ဆုံးဖြစ်ဥာဏ်
အသိရှိဖို့လိုပြီး။ အာဏာရှင်တွေဘာ့အတွက်သက်ဆိုးရှည်နေသလဲဆိုတော့-
မင်းတို့ဒေါက်တိုင်တွေကြောင့်ပဲ- ရှင်းလားမသိဘူး။ ကျနော်ပြောမယ်-
တချိန်က ၂၁ ရာစုပင်လုံညီလာခံကို အိပ့်မက်နဲ့ စိတ်ကူးတွေထဲမှာတောင်
ဖြစ်မလာခဲ့တာ- အခုပေါ်ပေါက်လာတဲ့ ၂၁ ပင်လုံညီလာခံကိုကန့်လန့်တိုက်ဖို့
ပြင်ဆင်နေခြင်းဟာ- ဘေးပရောဂမကင်းဘူးဆိုတာယုံမှာသံသယရှိစရာတော့
မလိုပါဘူး။ ကျုပ်တို့ကတော့- ပြည်တွင်းစစ်ရပ်စဲဖို့ အမုန်းခံပြီးအမျိုးမျိုး
တောင်းဆိုနေတာကို နှစ်ဖက်စလုံးကစောက်ဂရုမစိုက်ရင်တော့ပစ်ကြ
သေကြပေါ့။ မင်းတို့ကောင်တွေသေလို့ " လီး " တောင်မသနားဘူး- ငါလိုးမ
သားတွေ။ စစ်ဖြစ်ခဲ့တာလည်းရာစုနှစ်ဝက်မကတော့ဘူး။ ဒါတောင်စစ်ပွဲတွေ
ကိုအဆုံးသတ်ဖို့မကြိုးစားသေးရင်တော့- မြန်မာပြည်ပျက်စီးခြင်းရဲ့ အနာဂတ်
ရဲ့ သမိုင်းတရားခံဟာ- ခင်ဗျားတို့ပဲ..။ ဒီကောင်တွေက- အနာဂတ်သမိုင်း
တရားခံဆိုတာ ဘာလည်းလို့သိမှာမဟုတ်ကြပါဘူး- လိုးမသားတွေ။ ကျနော်
တို့ကတော့- ကျနော်တို့ကိုအနာဂတ်သမိုင်းတရားခံလို့ပြောရင်- သေမတတ်
ကြောက်တယ်။ အခုဖြစ်နေပုံက- အပစ်ရပ်တဲ့နေရာတွေမှာရော၊ အပစ်မရပ်
တဲ့နေရာတွေမှာပါ တိုက်ပွဲတွေဖြစ်နေတော့-တနိုင်ငံလုံးအပစ်ရပ်ရေးကိုတော့
စဉ်းစားမနေနဲ့တော့- ပင်လုံရေ။ ဒီပုံစံအတိုင်းသာဆိုရင်- အဲဒီခေါင်းဆောင်
တွေမသေမခြင်း၊ ကျုပ်တို့ပြည်ထောင်စုကြီးက- စုလို့မရတော့ဘူးထင်တာပဲ။
စုလို့မရလို့ခွဲပြန်ရင်လည်း-တိုင်းရင်းသားအားလုံဟာအာဏာရှင်လက်အောက်
ကလွတ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့......တပ်မတော်ကအစ မြန်မာနိုင်ငံ
ကလက်နက်ကိုအဖွဲ့အစည်းအားလုံးဟာ- အာဏာရှင်တွေဖြစ်နေကြလို့ပဲ။
စိတ်မကောင်းဘူး- ပင်လုံရေ။ ဒီစကားပြောလိုက်လို့- ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရေးအတွက်အားတော့မလျှော့သေးပါဘူး။ အမိမြေငြိမ်းချမ်းရေးရရှိရေး
အတွက် အနည်းဆုံးတော့......ကလောင်ကိုင်ပြီးတိုက်ပွဲဝင်နေဦးမှာပါ..။
( ကိုဗလိုင် ( ခ ) နိုင်စစ်မုန်း )

No comments: