Monday, October 24, 2016

မောင်းတောဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများ ပါက္ကစတန်နိုင်ငံမှ အဖွဲ့များနှင့် ဆက်စပ်နေသည်ကို မအံ့သြမိဟု အိန္ဒိယ ဆို

မောင်းတောဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများ ပါက္ကစတန်နိုင်ငံမှ အဖွဲ့များနှင့် ဆက်စပ်နေသည်ကို မအံ့သြမိဟု အိန္ဒိယ ဆို
Monday, October 24, 2016
 
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ စစ်သွေးကြွများနှင့် ပါကစ္စတန်နိုင်ငံတို့အကြား
နက်ရှိုင်းသည့် ဆက်နွှယ်မှုများ ရှိနေကြောင်းကို ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက အိန္ဒိယ သတင်းဌာန Business Standard က ဖော်ပြခဲ့သည်။ ထိုသို့ ဆက်နွှယ်မှုရှိခြင်းကို...

စိုးရိမ်မိသော်လည်း မအံ့သြမိဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရမှု၌ တကာမူလ် မူဂျာဟစ်ဒင် (AMM) အဖွဲ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်နှင့် အဖွဲ့၏ ခေါင်းဆောင်အချို့သည် ပါကစ္စတန်နိုင်ငံတွင် လက်နက်သင်တန်း တက်ဖူးသည်ဆိုခြင်း ကိုလည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတို့က မအံ့သြမိ ဟု ဆိုသည်။ ထို့အပြင် မအံ့သြဟု ဆိုသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အဆိုအရ AMM သည် ပါကစ္စတန် တာလီဘန် အဖွဲ့နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော ဟာကတ် အယ်လ်ဂျီဟဒ် အစ္စလာမ်မီ အာရကန် (HUJI-A)
အဖွဲ့မှ ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု ဆိုသည်။ HUJI-A ခေါင်းဆောင်
အဗ္ဗနူကွာဒူးဗာမီသည် ပါကစ္စတန်နိုင်ငံသား ခံယူထားသူ ဘင်္ဂါလီ တစ်ဦးဖြစ်သည်။
ယင်းသည် AMM ခေါင်းဆောင် မြန်မာနိုင်ငံ၊ မောင်တောမြို့နယ် ကျောက်ပြင် ဆိပ်ရွာမှ ဟာဗစ်တိုဟာကို စည်းရုံးလေ့ကျင့်ပေးခဲ့သည်ဟု ဆိုသည်။ ဗာမီသည်
တောင်အာရှ အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည့် ဟာဗစ်ဆာမီခေါင်းဆောင်သော Let / JuD အဖွဲ့နှင့်လည်း အဆက်အသွယ် ရှိသည်။
ပါကစ္စတန်နိုင်ငံ၌ လေ့ကျင့်ခဲ့သည့် ဘင်္ဂါလီခေါင်းဆောင် အချို့သည် ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်သို့ ပြန်လာကာ နယ်စပ်ဒေသရှိ ထိုစခန်းအချို့ကို လွန်ခဲ့သည့် ၂ နှစ်ခန့်က ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး တပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့သော်လည်း စီးနင်းမှုမပြုမီ စစ်သွေးကြွများက စွန့်ခွာသွားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
ပါကစ္စတန်နိုင်ငံနှင့် အဆက်အသွယ်ရှိသည့် ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များကို မြန်မာ-ထိုင်း နယ်စပ်၊ မဲဆောက်မြို့၌ တွေ့ရသည်ဟု အိန္ဒိယ ထောက်လှမ်းရေး အရာရှိများက ပြောကြားကြောင်း ဖော်ပြသည်။
အိန္ဒိယနိုင်ငံ၊ ကက်ရှမီးရားဒေသတွင်လည်း ပါကစ္စတန်နိုင်ငံသားများနှင့် အတူ မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ပါဝင်တိုက်ခိုက်လျက်ရှိသည်ဟု အိန္ဒိယ ထောက်လှမ်းရေး အရာရှိများက Business Standard သတင်းဌာနသို့ ပြောဆိုခဲ့သည်။
ယင်းတို့၏ အဆိုအရ ကွာဒူးဗာမီအပြင် အခြား ပါကစ္စတန်နိုင်ငံသား ခံယူထားသူ ဘင်္ဂါလီတစ်ဦးဖြစ်သည့် မူလာနာအဗ္ဗဒူဟာမစ် ဦးဆောင်သော ဘင်္ဂါလီစစ်သွေးကြွအဖွဲ့ တစ်ဖွဲ့ရှိနေသည်ဟု ဆိုသည်။
Let / JaD အဖွဲ့မှ ဟာဗစ်ဆာအီနှင့် ယင်းတို့နှင့် ဆက်နွှယ်သော FIF အဖွဲ့မှ
အဗ္ဗဒူရဗ်တို့အတွက် ၂၀၁၅ တွင် “ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ - RSO၊ ပါကစ္စတန် အဖွဲ့ခွဲ အကြီးအကဲ နာယူဆိန်အရာကာနီက ရန်ပုံငွေ ရှာဖွေပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
RSO သည်
စစ်သွေးကြွအဖွဲ့များ ပေါ်ထွက်လာစေသည့် မိခင် အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂါလီစစ်သွေးကြွများ နှိမ်နင်းရေး ဆောင်ရွက်နေချိန်တွင်
ဘင်္ဂါလီစစ်သွေးကြွများသည် အိန္ဒိယပိုင်နက် နယ်မြေကို အသုံးပြု၍ မြန်မာ
ဘုရားဖူးနှင့် ခရီးသွားများကို တိုက်ခိုက်လာနိုင်သည်ဟု အိန္ဒိယနိုင်ငံက
ခန့်မှန်းထားသည်။
KHTun
The Ladies News

No comments: