Monday, October 3, 2016

နောင်တ နဲ့ မှန်

နေက အရှေ့ကထွက်သလား
ပြန်မေးမိတယ်
မောဟ နဲ့ ဘဝ
ဒေါသ နဲ့ ဘဝ...

လောဘ နဲ့ ဘဝ
ရှုန်းကာ နိုးထ
အဝိဇ္ဇာ အမှောင်မှ
အသိတရား ရောင်ခြည်
မြင်လိုက်တဲ့ အချိန်
နောင်တတွေရ
ရှေးလူကြီး များ
ဆိုရိုးစကား နောင်မှရတဲ့ နောင်တ
ငါရဲ့ အစွဲ ဘာမှမဟုတ်
ငါဆိုတဲ့ အသိ စွဲကာပတ်ရမ်း
မခံချင်တဲ့ စိတ်
ပြောသောစကား
ကိုယ်ဟာကိုယ်မှားမှန်းမသိတဲ့ နောင်တ
ငါဆိုတာ ဘာမှ မဟုတ်
မော ဟ စကား
လူသာကြီးတယ် လူကြီးမဖြစ်
ဒေါသ တွေရဲ့ အမိုက်မှောင်
အမှန်တရား ဆိုတာကို
လောဘ စကား
ဒါတွေကလည်း ဘာမှ မဟုတ်
နာရီ လက်တံနဲ့ မျောပါသွားတဲ့
အဝိဇ္ဇာ ကို သာယာ ယစ်မူး
နေတဲ့ငါ
နောင်တ အသိ ရတဲ့အချိန်
ဗုဒ္ဓရဲ့ စကားခြောက်ခွန်း
နဲ့ ခန္ဓာ မချုပ်ငြိမ်းခင် ချိန်ထိ
ပတ်ဝန်ကျင်မှာ
နေလိုတဲ့ ဆန္ဒ နဲ့စိတ်
ဝမ်နည်းဝမ်းသာ
မရှိသောစိတ် ပကတိ ရုပ် နဲ့ နာမ်
ဖြစ်ပျက် နဲ့ ထွက်လေ ဝင်လေ
နာသီးဖျား မှာ သတိ ကပ်၍
ငါဆိုတာ ဘာ မှ မဟုတ်
ယနေ့ မနက် ကြေးမုံပြင် မှာ
မိမိရုပ် ကိုအသေချာ ကြည့်၍
ရသော နောင်တ ။
မနေ့ က ကျန်ခဲ့ပြီ။
မိမိပြော ခဲ့သော စကား
ရဲ့ နောင်တ
ရဲ့ ပူပန်မူကို အသာယာ
တရားနှလုံး သွင်း ၍
ဗုဒ္ဓ ဘာသာဝင် စစ်စစ် ဖြစ်အောင်ကြိုးစား
နေထိုင်ပါတော့မယ်။
ၾသကာသေလာက သတၱေလာက သခါၤရေလာက
သတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ။
ဘုရားတရားသံဃာ ကာယကံ ဝဇီကံ မနောကံ
ရတနာ သုံးပါး ပြစ်မှားမိ ခဲရှိသော ဝန်ချတောင်းပန်ကန်တော့ပါသည်။
မိဘ ဆရာသမား ကျေးဇူရှင်များ နှင့် ခင်ပွန်းကြီး ဆယ်ပါး
(၇)ရက် သာသမီးများအပေါ် မှာလည်း ပြစ်မှားမိခဲ့သည်ရှိ
သောခွင့်လွှတ်ပါရန် ကန်တော့ပါသည်။
ဘာအရာမှ ဘာမှ မဟုတ်တာကို သိသွားတဲ့နေ့
လေးစားရသော လူသား နှစ်ဦး
အမေ ဒေါ်အောင်ဆန်းစုကြည်
ရုပ်ရှင်မင်းသား ဦးကျော်ဟိန်း

ဒီစာရေးနေတဲ့ အချိန် အမေဒေါ်အောင်ဆန်းစုကြည်
ကုလသမဂ္ဂ မှာ မိန်းခွန်းပြောအချိန်နဲ့တိုက်ဆိုင်စွာဖြင့်

သော်တာအောင်
ရန်ကုန်တက္ကသိုလ်
၀၉/၂၁/၂၀၁၆
ညနေ ၁:၅၉

No comments: