Wednesday, October 26, 2016

အိုဘားမားလက်ဆောင်အလွန်အချိန်ယူ ပြင်ဆင်ရဦးမည့် မြန်မာ့စီးပွားရေး

အိုဘားမားလက်ဆောင်အလွန်အချိန်ယူ ပြင်ဆင်ရဦးမည့် မြန်မာ့စီးပွားရေး

အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သမိုင်းဝင်တွေ့ဆုံမှုတွင် ပိတ်ဆို့မှုများ မကြာမီဖယ်ရှားပေးမည်ဟု ၎င်းက ကတိပြုခဲ့ခြင်းဖြစ်သည်။ MICHAEL REYNOLDS/EPA
အမေရိကန် ခရီးစဉ်မှ ပြန်ရောက် လာခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာပြည်အတွက် လက်ဆောင်တစ်ခုသယ်ဆောင်လာခဲ့ပါသည်။ မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် အိုဘားမားအစိုးရ၏ မြန်မာပြည်
အတွက် နောက်ဆုံးလက်ဆောင်ဟုဆိုလျှင်လည်း မမှားပေ။


အိမ်ဖြူတော် ဘဲဥပုံခန်းမအ တွင်းမှ မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ တွေ့ဆုံဆွေးနွေးအပြီး ရလဒ်အနေဖြင့် မြန်မာနိုင်ငံသို့ ဆယ်စုနှစ် နှစ်ခုအကြာ အရေးယူပိတ်ဆို့ထားခဲ့သည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းပေးလိုက်ခြင်းက အိုဘားမားအစိုးရ၏မြန်မာပြည် အတွက် လက်ဆောင်တစ်ခုဖြစ်ခဲ့ ပြီး ထိုသတင်းကို ကြားလျှင်ကြားချင်း အားရဝမ်းသာဖြစ်ခဲ့ရသူ အများစုမှာ မြန်မာနိုင်ငံသားများပင် ဖြစ်ပါသည်။

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပြီး နောက် တစ်နည်းဆိုရလျှင် အမေ ရိကန်ဆန်ရှင်အလွန် မြန်မာ့စီးပွား ရေး ရုတ်ခြည်း ဦးမော့လာတော့ မည်ဟု တွေးထင်နေကြသူများမှာ မြန်မာနိုင်ငံသားအများစုပင်ဖြစ်ပါ သည်။ သို့သော် ထိုသူတို့နှင့်ကွဲ ပြားသောအမြင်ရှိသူများမှာ မြန် မာ့စီးပွားရေးတွင် အဓိကနေရာ များမှ ပါဝင်မောင်းနှင်နေကြသည့်  စီးပွားရေးလုပ်ငန်းရှင်များနှင့် ပ ညာရှင်များဖြစ်ပါသည်။ ကန်အစိုး ရ၏ စီးပွားရေးပိတ်ဆို့မှုများမှ လွတ်မြောက်လာပြီ ဖြစ်သော် လည်း လက်ရှိ အနေအထားများ အရ အမေရိကန်နိုင်ငံနှင့် ကုန် သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များတွင်  လည်ပတ်နိုင်ရန် နှစ်အ နည်းငယ်ကြာအောင် အချိန်ယူပြင် ဆင်ရဦးမည်ဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက ဆိုသည်။
ဆယ်စုနှစ် နှစ်ခုနီးပါးကြာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအ ပေါ် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ဖြေလျှော့လိုက်သော်လည်း မြန်မာနိုင်ငံဘက်က အချိန်ယူပြင် ဆင်စရာများ ကျန်ရှိနေသေးသည် ဟု ၎င်းတို့က ဆိုသည်။
‘‘အီးယူဆန်ရှင် (ဥရောပ သမဂ္ဂ၏စီးပွားရေးပိတ်ဆို့မှု)လွတ် တုန်းကလည်း တစ်နှစ်လောက် အချိန်ယူခဲ့ရတာတွေ ရှိတယ်။ ကိုယ့်နိုင်ငံဘက်က ပြင်ဆင်ဖို့ လို အပ်တာတွေ အများကြီးရှိသေး တယ်။ အခု အမေရိကန်ဆန်ရှင်က လွတ်ပြီဖြစ်ပေမယ့် အားလုံးချော ချောမွေ့မွေ့ ဖြစ်ဖို့ သုံးနှစ်လောက် တော့ အချိန်ယူရနိုင်တယ်’’ဟု ကုန်သွယ်စက်မှုအသင်းချုပ် တွဲ ဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
 စီးပွားရေးပိတ်ဆို့မှုများအ လွန် မြန်မာနိုင်ငံတွင် ဘဏ်လုပ် ငန်းအချို့ မဖွံ့ဖြိုးသေးသော ကြောင့် အမေရိကန်မှ လာမည့် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲများဖြစ်နိုင်သေးကြောင်း ရိုးမ ဘဏ်၏ အထူး အကြံပေး
အမှုဆောင် အရာရှိချုပ် ဟဲဘိုရှာက သုံးသပ်သည်။

‘‘အနည်းဆုံး ခြောက်လက နေ တစ်နှစ်လောက်ကြာမှ အ ပြောင်းအလဲကို မြင်ရနိုင်တယ်’’ဟု အမေရိကန်ဆန်ရှင်အလွန် စီးပွား ရေးအကျိုးသက်ရောက်မှုကို ကမ္ဘာ့ဘဏ်တွင် နှစ်ပေါင်းများစွာ အ လုပ်လုပ်ခဲ့ပြီး ရိုးမဘဏ်တွင် ၂၀၁၃ ၌ စတင်လုပ်ကိုင်ခဲ့သည့် ဟဲဘိုရှာက ဆိုသည်။
စင်ကာပူနိုင်ငံတွင် စတော့ အိတ်ချိန်း၌ မှတ်ပုံတင်ထားပြီး အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေးဝန် ဆောင်မှုလုပ်ငန်းနှင့် စားသောက် ကုန်လုပ်ငန်းများတွင် ပမာဏများ စွာ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ လည်း ဖြစ်သည့် Yoma Strategicကို ဦးစီးလုပ်ကိုင်နေသော မစ္စတာ မယ်လ်ဗင်ပန်ကလည်း အမေရိကန်ဆန်ရှင်နှင့်ပတ်သက်၍ အကောင်းမြင်မှုများရှိနေပါသည်။
 ‘‘ စီးပွားရေးအရ ပိတ်ဆို့မှု  တွေ ရုပ်သိမ်းပေးခဲ့တာဟာ ကျွန် တော့်အတွက်တော့ ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါ’’ဟု မစ္စတာ မယ်လ်ဗင်ပန်က အောက်တိုဘာ ၁၉ ရက် စီးပွားရေးသတင်းရေး သားနည်းဆိုင်ရာ သင်တန်းသား သတင်းသမားများနဲ့ တွေ့ဆုံစဉ် မှတ်ချက်ပြုခဲ့သည်။
ပိတ်ဆို့မှုများရုပ်သိမ်းလိုက် ခြင်းအလွန်တွင် နိုင်ငံတကာနှင့် ငွေပေးငွေယူလုပ်ငန်းများ၊ အခြား လွှဲပြောင်းသည့်လုပ်ငန်းများတွင် အဆင်ပြေသွားနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူများက ချက်ချင်း ကြီး မြန်မာနိုင်ငံအပေါ် ရောက်ရှိ လာမည်မဟုတ်ဟု မယ်လ်ဗင်ပန် က သုံးသပ်သည်။ မြန်မာနိုင်ငံ၏ အထင်ကရ စီးပွားရေးလုပ်ငန်းရှင် ကြီးတစ်ဦးဖြစ်သည့် ဦးသိမ်းဝေ (ခ) မစ္စတာဆာ့ခ်ျပန်၏သားဖြစ် ပြီး ဟားဗတ်တက္ကသိုလ်မှ စီးပွား ရေးဆိုင်ရာဘွဲ့ရရှိထားသူ မစ္စတာ မယ်လ်ဗင်ပန်က အမေရိကန်ဆန်ရှင်အလွန် မြန်မာ့စီးပွားရေးဦးမော့လာရန်မှာ အနည်းဆုံး ၂ နှစ်ခန့် အချိန်ယူရနိုင်သည်ဟု မှန်းဆပါသည်။
ဆယ်စုနှစ်ပေါင်းများစွာကြာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖယ် ကြဉ်ခံထားရသော မြန်မာအား ကန်အစိုးရက အရေးယူပိတ်ဆို့မှု များဖယ်ရှားပေးလိုက်ခြင်းကို အ များစုက အပြုသဘောဆောင်ကြို ဆိုမှုများ ရှိခဲ့သလို လူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့အစည်းအချို့က လည်း စောနေသေးသည်ဟူသော ဝေဖန်မှုများရှိခဲ့ပါသည်။ အမေရိ ကန်အစိုးရ၏စီးပွားရေးပိတ်ဆို့မှု များဖယ်ရှားမှုအလွန် ကာလများ တွင်တော့ မြန်မာ့စီးပွားရေးကို
နိုင်ငံတကာက ပိုမိုအာရုံစူးစိုက်လာ ကြပြီဖြစ်ကာ စီးပွားရေးရင်းနှီးမြှုပ် နှံမှုများအတွက် ပဏာမ လေ့လာ စူးစမ်းရန် လာသူများဖြင့် ရန်ကုန် ရှိ အဆင့်မြင့်ဟိုတယ်ခန်းမဆောင် များတွင် ပြည့်နှက်နေပါတော့ သည်။

‘‘မြန်မာနိုင်ငံက အခုတော့ ချစ်သူဝိုင်းဝိုင်းလည်နေပါပြီ’’ဟု နိုင်ငံတကာမှ အာရုံစိုက်မှုရရှိနေ သည့်အနေအထားကို မြန်မာ့စီး ပွားရေးမောင်းနှင်မှုတွင် အဓိက ကျသော အဖွဲ့ဖြစ်သည့် ကုန်သည် စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်လေးက ဆိုသည်။ဒေါက်တာမောင်မောင်လေးတို့၏ ကုန်သည်စက်မှုအသင်းချုပ်အနေ ဖြင့် မြန်မာနှင့်စီးပွားဖက်အဖြစ် ဆောင်ရွက်လိုကာ စနည်းနာလာ သော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းအဖွဲ့များကို ဆက်တိုက်ဆိုသ လို လက်ခံတွေ့ဆုံနေရသည်။

တစ်ဆက်တည်းမှာပင် ရန် ကုန်မြို့တွင် ဆိုင်များ စတင်ဖွင့် လှစ်စဉ်ကပင် ကြိတ်ကြိတ်တိုး အားပေးမှုရရှိခဲ့သည့် အမေရိကန် နိုင်ငံ၏ KFC ကြက်ကြော်ဆိုင်က ၎င်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ပြိုင်ဘက်များဖြစ်ခဲ့ဖူးသည့် MC Donald’s ကဲ့သို့ ဆိုင်များစီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် ဝင်ရောက်လာမည်ကို တွေးပူ လျက်ရှိသည်။
KFC အနေဖြင့် ၎င်း၏ ကြက် ကြော်များ မရောင်းရမည်ကို တွေးပူခြင်း မဟုတ်ဘဲ ကုန်ပစ္စည်းကို စတင် ထုတ်လုပ်စဉ်မှ ဖြန့်ဖြူး ရောင်းချသည်အထိ အဆင့်ဆင့် လုပ်ငန်းများတွင် စိန်ခေါ်မှုဖြစ်လာ နိုင်ကြောင်း KFC ၏ မန်နေဂျင်းဒါ ရိုက်တာ ဂျေအာချင်းက ပြော သည်။
ရန်ကုန်မြို့တွင် နေ့စဉ်ကြက် ကောင်ရေ တစ်ထောင်ကျော် အ သုံးပြုပြီး ဆိုင်ခုနစ်ဆိုင်ဖွင့်ထား သည့် KFC သည် ပြည်တွင်းမှ ကြက်ကို ၀ယ်ယူအသုံးပြုရောင်းချ နေသော်လည်း အာလူးကိုမူ ပြည် ပမှတင်သွင်းရသည်ဟု ၎င်းကဆို သည်။
KFC သည် အမေရိကန်နိုင်ငံ ၏ စီးပွားရေးပိတ်ဆို့မှုများ မြန်မာ နိုင်ငံအပေါ် ရှိစဉ်ကာလကတည်း က  ၀င်ရောက်ရင်းနှီးမြှုပ်နှံနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ယခုဆို လျှင် အမေရိကန်စားသောက်ကုန် လုပ်ငန်းတစ်ခုဖြစ်သည့် ဘာဂါ ကင်း (Burger King) သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပါပြီ။ ရန်ကုန်နိုင်ငံတကာ လေဆိပ်သစ် တွင် ဖွင့်လှစ်လိုက်သည့် အမေရိကန် ဘာဂါဆိုင်အသစ်ကမူ ဈေးနှုန်းအရရော နေရာအနေအထားအရပါ  မြန်မာ စားသုံးသူများ နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ဘာဂါကင်းတွင် ဟမ်ဘာဂါတစ် လုံးလျှင် ရှစ်ဒေါ်လာကျော်ဈေးရှိ သည်။
  အမေရိကန်နိုင်ငံ၏ ဖြေ လျှော့မှုများက ကမ္ဘာတွင် တန်ဖိုး ကြီးထုတ်ကုန်အဖြစ် နေရာယူနေ သည့် မြန်မာ့ပြည်ပကျောက်မျက် ကျောက်စိမ်းများအတွက်လည်း ကမ္ဘာ့ဈေးကွက်သို့ လွတ်လပ်စွာ တင်ပို့ရောင်းချမည့် အခွင့်အရေး ရရှိသွားပြီဖြစ်သည်။
သို့သော် ကျောက်စိမ်းကို အ ရိုင်းအဆင့်ကသာ တင်ပို့နေရခြင်း၊ တရုတ်နိုင်ငံကသာ ကျောက်စိမ်း အဓိက  ၀ယ်ယူနေခြင်းကြောင့် ကြီးကြီးမားမား သက်ရောက်မှုမရှိ နိုင်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်အချို့က ဆိုသည်။‘‘ဆန်ရှင်လွတ်တော့ ကျွန် တော်တို့ ကျောက်စိမ်းကုန်သည် တွေ အဆင်ပြေပြီလို့ အများက ထင်နေကြတာ။ တကယ်တော့ မဟုတ်ဘူး။ ပတ္တမြားတို့၊ နီလာတို့ လုပ်ငန်းရှင်တွေအတွက်တော့ အခွင့်အရေးဖြစ်သွားတာ’’
ဟု ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

‘‘ကျောက်မျက်တွေကို နိုင်ငံ တကာ တင်ပို့ရောင်းချခွင့်ရသွား တယ်။ နိုင်ငံတကာလုပ်ငန်းရှင် တွေအနေနဲ့လည်း ဒီမှာလာပြီး တော့ အချောထည်တွေဘာတွေ ထုတ်လုပ်မယ်ဆိုတာ အခွင့်အ ရေးရသွားတယ်။ ဒါပေမဲ့ ၀ုန်းဒိုင်း ဆိုပြီး ရောင်းကောင်းမယ်ဆိုတာ တော့ မဖြစ်နိုင်သေးဘူး’’ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး(၂) ဦးထွန်းလှအောင်က ပြောသည်။
လက်ရှိ ကျောက်မျက်ဈေး ကွက်တွင် အသုံးပြုနေသော ယူရို ငွေအစား ဒေါ်လာအသုံးပြုပြီး အ ရောင်းအ၀ယ်ပြုလုပ်လာနိုင်မည် ဆိုပါက သိသာထင်ရှားမည့်အ ချက်ဖြစ်ကြောင်း ဦးထွန်းလှ အောင်က ဆိုသည်။ မြန်မာပြည် ၏ အဓိကထွက်ကုန် ကျောက်စိမ်း နှင့်အတူ စီးပွားရေးပိတ်ဆို့မှုလွတ် မြောက်ပြီးနောက် မြန်မာနိုင်ငံမှ ပို့ ကုန်လုပ်ငန်းရှင်များအတွက် သ တင်းကောင်းတစ်ခုလည်း အတူ တကွပါဝင်လာခဲ့သည်။
၂၇ နှစ်ကြာ ပိတ်ပင်ခဲ့သည့် အထူးကုန်သွယ်ရေးဆိုင်ရာ ကင်း လွတ်ခွင့် (GSP) ပြန်လည်ရရှိခြင်း ဖြစ်သည်။
အဆိုပါ GSP သည် တိုင်း ပြည်တိုင်းရရှိခြင်းမဟုတ်ဘဲ LDC နိုင်ငံများဟု သတ်မှတ်ထားသည့် ဖွံ့ဖြိုးမှုနည်းပါးသော တိုင်းပြည် များကို အဓိကဦးစားပေးအခွင့်အ ရေးပေးထားခြင်းဖြစ်သည်။ ထို့ ကြောင့် GSP ဖြင့်
မြန်မာနိုင်ငံအ နေဖြင့်  တင်သွင်းမည်ဆိုပါက ကုန်ပစ္စည်း  အမျိုးအစားပေါင်း ငါးထောင်ခန့်ကို အခွန်ကင်းလွတ် စွာဖြင့် တင်ပို့ခွင့်ရရှိမည်ဟု သတ်မှတ်ထားသည်။

အဆိုပါအထူးအခွင့်အရေး ကြောင့် အမေရိကန်လုပ်ငန်းရှင် များက မြန်မာနိုင်ငံမှ ပို့ကုန်များကို အခွန်သက်သာစွာဖြင့် ၀ယ်ယူခွင့် ရမည့်အခွင့်အရေးဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ဆိုသည်။
‘‘GSP ဆိုတာ မြန်မာပြည်က ကုန်စည်တွေကို အမေရိကန်နိုင်ငံ ရဲ့ လုပ်ငန်းရှင်က ၀ယ်ရင် သူတို့ ဆီမှာ အဲဒီလုပ်ငန်းရှင်က အခွန် ကင်းလွတ်ခွင့်ရသွားတာပါ။ နှစ် နိုင်ငံအကျိုးဖြစ်ထွန်းမယ့် စနစ် ပေါ့’’ဟု ၎င်းက ဆိုသည်။ သို့သော် GSP တွင် အမျိုးအစားမြောက်မြား စွာရှိပြီး ကန့်သတ်ချက်အချို့ရှိနေ သောကြောင့် မြန်မာပြည်မှ ပို့ကုန် လုပ်ငန်းရှင်များ ရုန်းကန်ရမည့်အ ခြေအနေများ ရှိနေသေးကြောင်း ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်
အတွင်းရေးမှူး ဒေါ်ခိုင်ခိုင် နွယ်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အထူး အခွင့်အရေးများဖြင့် တင်ပို့ခွင့်ရရှိ ပြီဖြစ်သော်လည်း အရည်အသွေး ပိုင်းနှင့် ဓာတုပိုးသတ်ဆေး ဓာတ် ကြွင်းများကင်းစင်ရန် အထူးလို အပ်မှသာ တင်ပို့မည့် ဈေးကွက်က လက်ခံနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ဆိုသည်။ ထို့ကြောင့် အဆိုပါပို့ကုန် အရည်အသွေးပိုင်း များ တိုးတက်လာစေရန် ‘‘တောင်သူလယ်သမားတွေ
အပါအ၀င် လယ်ယာလုပ်ငန်း  လုပ်ကိုင်သူ တွေအနေနဲ့ အချိန်ယူပြင်ဆင်ရဦး မယ်’’ဟု ၎င်းက ဆိုသည်။

  ‘‘ဆန်ရှင်ရုပ်သိမ်းတာက တစ်ဦးချင်းပိတ်ဆို့ခံထားရတဲ့သူ တွေအတွက်ကတော့ အများကြီး အကျိုးရှိနိုင်တယ်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ကလည်း လတ်တလောကတော့ အဆင်မ ပြေသေးဘူး’’ဟု ၎င်းက မှတ်ချက်
ပေးသည်။

ထို့ကြောင့် အိမ်ဖြူတော်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူထားမှုကို မြန်မာ့ စီးပွားရေးအပေါ် များစွာအကျိုး သက်ရောက်မှု ကြီးမားနိုင်သော် လည်း မြန်မာနိုင်ငံဘက်က အချိန် ယူပြင်ဆင်စရာများဖြင့် ရုန်းကန် ရဦးမည်ဖြစ်သည်။

အမေရိကန်ကုမ္ပဏီဖြစ်သော KFC တွင် အားပေးနေကြသော စားသုံးသူများ
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

1 comment:

Blogger said...

Anyone else is interested in getting a FREE BURGER KING GIFTCARD?