Thursday, October 27, 2016

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များထံမှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်းနှစ်သောင်းခန့် ရရှိ

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များထံမှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်းနှစ်သောင်းခန့် ရရှိ
 
Thursday, October 27, 2016
 
ပြည်ပမှ တင်သွင်းလာ သော မော်တော်ယာဉ်များကို ကြို တင်ဝင်ငွေခွန် ကောက်ခံလျက်ရှိ ရာ အောက်တိုဘာ နောက်ဆုံး ပတ်အထိ စာရင်းအရ ကားအစီး ရေ ၁၂,၀၀၀ ကျော်မှ အခွန်ငွေ ကျပ်သန်း ၂၀,၀၀၀ ခန့် ရရှိ ထားကြောင်း သတင်းရရှိသည်။
...
အောက်တိုဘာ ၂၄ ရက်အ ထိစာရင်းများအရ ကားအစီးရေ ၁၂,၂၀၀ ကျော်မှ ကြိုတင်ဝင်ငွေ ခွန်ကျပ် ၁၈,၀၆၂ သန်းကို ကောက်ခံရရှိထားပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။
ကြိုတင်ဝင်ငွေခွန် လာ ဆောင်သည့်ကားများမှာ တစ်လ လျှင် အစီးရေ ၂,၅၀၀ မှ ၃,၀၀၀ အထိရှိပြီး အများစုမှာဝင်ငွေရ လမ်းမဖော်ပြနိုင်သဖြင့် အခွန် ဆောင်ကြခြင်းဖြစ်သည်ဟု သိရ သည်။
ဝင်ငွေရလမ်း ပြနိုင်ပါက သွင်းထားသည့် အခွန်ငွေကို ပြန် လည်ထုတ်ယူနိုင်ရန် အမြန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မေလအတွင်း ကြိုတင်ဝင် ငွေခွန်ဆောင်သည့် မော်တော် ယာဉ်အစီးရေ သောင်းဂဏန်း ကျော်သာရှိခြင်းမှာ ရန်ကုန်လိုင် စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းကို ရပ်ဆိုင်းထားသော ကြောင့် အရေအတွက်နည်းပါး နေခြင်းဖြစ်ကြောင်းသိရသည်။
ကြိုတင်ဝင်ငွေခွန် လာ ရောက်ပေးဆောင်သော ကားအ များစုသည် နယ်လိပ်စာပေါက် ကားအများစုပါဝင်ပြီး ပြည်ပမှ တင်သွင်းသောကားများ ကြိုတင် ၀င်ငွေခွန်ကောက်ခံခြင်းမှ တစ် ရက်လျှင် ကျပ်သန်းပေါင်း ၁၆၀ ကျော် ကောက်ခံရရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၁၆ ပြည်ထောင်စု အခွန် အကောက်ဥပဒေအရ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာ တွင် စလစ်ကပ်ကားများမှလွဲ၍ ဖရီး ပါမစ်ကားများ တင်သွင်းပါက ကား၏တန်ဖိုးအလိုက် ၁၅ ရာခိုင် နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အခွန် ဆောင်ရန် သတ်မှတ်ထားသည်။
7day

No comments: