Tuesday, October 18, 2016

အိန္ဒိယနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ဒေသစံတော်ချိန် ၀၉း၀၀ နာရီတွင် အိန္ဒိယနိုင်ငံ၊

18.10.2016
 
 
 
 

အိန္ဒိယနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ဒေသစံတော်ချိန် ၀၉း၀၀ နာရီတွင် အိန္ဒိယနိုင်ငံ၊ Forecourt, Rashtrapati Bhavan ၌ တရားဝင်အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။
အဆိုပါအခမ်းအနားပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ်ဂူဗိမ္မာန်သို့ သွားရောက်ပြီး ပန်းခွေချ ဂါရ၀ပြုခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား Rajghat Samdhi Committee မှ Secreary ဖြစ်သူ Mr. Ranjnish Kumar မှ မဟတ္တမဂန္ဒီ၏ ...အထိမ်းအမှတ် စာအုပ်နှင့် မဟတ္တမဂန္ဒီပုံတူ ရုပ်တုအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဒေသစံတော်ချိန် ၁၁း၀၀ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Smt. Sushma Swaraj နှင့် SDR, Rashtrapati Bhavan နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
ဒေသစံတော်ချိန် ၁၂း၀၀ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံ သမ္မတ H.E. Mr. Pranab Mukheijee နှင့် တွေ့ဆုံခဲ့ပါသည် ။
တွေ့ဆုံမှုများတွင် နှစ်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုမြှင့်တင်ရေးအပါအဝင် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံမှုများသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ခင်စိုးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ နယူးဒေလီမြို့

No comments: