Tuesday, October 25, 2016

"ရပ်ဝေးက ဆုမွန်"

25.10.2016
သူငယ်ချင်းတွေက တဘဝ
ငါက တဘ၀နဲ့
နွေဦးကျ သစ်ရွက်ခြောက်...

လေရူးလေပွေ နှောက်သလို
လွင့်ပျောက် ကွာဝေး
လေနှင်ရာ ပြေးခဲ့ပြီ။

လူထုအရေးတော်ပုံမှာ
အတူဆုံ အတှူနွဲ
တခဲနက် ပါဝင်
ကလောင် တပြင်ပြင်နဲ့
တိုက်ပွဲဝင် ကဗျာတွေရေး
တသွေးထဲ တူညီ။

တို့နိုင်ငံ အမှန်လိုအပ်တာက
လွတ်လပ်မှု ဒီမိုကရေစီ
ညီညီညာညာ ချီပါမှ
ပြည်သာမည့်အကြောင်း။

တို့တိုင်းပြည် လင်းအရုဏ်မှာ
မင်းတို့ ငါတို့ အတူဆုံရအောင်
ကြုံရာဘဝ
ကျရာတာဝန်
ကျေပွန်အောင် ငါတို့ထမ်းကြစို့
လမ်းမပျောက်တမ်း
စွမ်းသလောက် လှမ်းစေဖို့
ဝမ်းမြောက်ဆုတောင်း။ ။

တင်မိုး
၂၆၊ အောက်တိုဘာ၊ ၁၉၉၉၊ (စပိန်ကမ်းခြေ တနေရာ) အင်္ဂါနေ့ နံနက်ခင်း
 

No comments: