Tuesday, October 11, 2016

လူဟာလူပါပဲ

 Minthura Wynn
11.10.2016
မြန်မာတနိုင်ငံလုံး ဗမာတွေကြီး ဗုဒ္ဓဘာကိုးကွယ်သူများအားလုံး နေဖို့တွက် ဖန်တီးထားတယ်လို့ ထင်နေကြ ယုံကြည်နေကြ မှတ်ယူနေကြခြင်းဟာ မှားယွင်းခြင်း မကင်းသော ယူဆချက်ပင်ဖြစ်ပါတယ်..
ရှေးဦးဌာနေ တိုင်းရင်းသားများဖြစ်ကြတဲ့ ချင်း၊ ကချင် ကရင်နီလူမျိုးအများစုဟာ ခရစ်ယာန်ဘာသာဝင်နဲ့ နတ်စားကိုးကွယ်ကြပါတယ်..
...
ကရင်လူမျိုးတဝက်ကျော်ကျော်လောက်ဟာလဲ ခရစ်ယာန်တွေ ဖြစ်ကြ ပြီးအချို့ဘာသာငယ် တရခုံးစတဲ့ ရိုးရာကိုးကွယ်ဘာသာတွေလဲ ရှိကြပါတယ်..
အင်အားကြီးနိုင်ငံ အိန္ဒိယနဲ့ ချိုင်းနား နှစ်ခုကြားမှာရှိတဲ့ သေးငယ်တဲ့ မြန်မာပြည်မှာ အိန္ဒိယနွှယ်ဖွား ချိုင်းနားနွှယ်ဖွားတွေကတော့ အနည်းနဲ့အများ ရှိကြမှာပဲ..
အဲဒီမတိုင်ခင် ဟိုးရှေးကြတဲ့ ရှေးဦးဌာနေလူမျိုးများဖြစ်ကြတဲ့ ဆလုံတွေ... ဖစ်လစ်ပိင်းမှာဆို ဘဂျောင်၊ မရနောင်လို့ခေါ်ပါတယ်.. သြစတြေးလျမှာဆို native aboriginals လို့ခေါ်ကြပြန်ပါတယ်...
ဘီးလူးကျွန်းသမိုင်းကို လေ့လာရာမှာ အဲဒီရှေးဦးကျ လူမျိုးများဟာ ဘီးလူးကျွန်းမှာ နေခဲ့ဘူးတာမို့ ယက္ခဒီပ အမည်တွင်ခဲ့တဲ့ ဝေါဟာရစကားလုံးဟာ မြန်မာလိုဘာသာပြန်လိုက်တော့ ဘီလူးကျွန်းလို့ ခေါ်တွင်ရပါတယ်..
အဲရှေးဦးဌာနေလူများဟာ ကျောက်ဆည်ဒေသမှာလဲ နေထိုင်ခဲ့ဘူးတယ်လို့ သမိုင်းကိုးကား ရှာဖွေနေကြဆဲ ဖြစ်ပါတယ်...
အတိုချုပ်ပြောရရင်.. ယနေ့လက်ရှိ ပြည်ထောင်စုဝင် ဗမာအပါအဝင် တိုင်းရင်းသားအားလုံးတို့ဟာလဲ ဧည့်နိုင်ငံသားတွေကြီးပဲ..
ကမ္ဘာပေါ်မှာ လူဖြစ်လာသူတွေအားလုံးဟာလဲ ဧည့်သည်တွေကြီးပဲ...
လူဟာလူပါပဲ...
လူကိုလူလို လေးစားတန်ဘိုးထားနိုင်ကြပါစေ...
နေခွင့်ရတဲ့ လူ့သက်တမ်း နှစ်(၁၀၀)လောက် အတွင်းမှာ ပျော်ရွှင်ငြိမ်းချမ်းစွာ နေကြပါဦး...

No comments: