Wednesday, October 12, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ၁၁-၁၀-၂၀၁...၆ ရက်နေ့မှ ၁၃-၁၀-၂၀၁၆ ရက်နေ့အထိ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး

12-10-2016
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ၁၁-၁၀-၂၀၁...၆ ရက်နေ့မှ ၁၃-၁၀-၂၀၁၆ ရက်နေ့အထိ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bert Koenders ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၀၉း၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လည်းကောင်း၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပတ်သက်၍လည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bert Koenders သည် နေပြည်တော်တွင် ရောက်ရှိနေစဉ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံရန်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် နယ်သာ
လန် နိုင်ငံခြားရေးဝန်ကြီးသည် ရန်ကုန်မြို့တွင် ယနေ့ညနေပိုင်း၌ ကျင်းပမည့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
.
Ministry of Foreign Affairs
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
MartinSwe


No comments: