Monday, October 3, 2016

ဒီမိုကရေစီနဲ့ ဝေဖန်ထောက်ပြမှု

ဒီမိုကရေစီနဲ့ လစ်ဘရယ်
အိုင်ဒီယာဟာ
အာဏာရှင် စနစ်ကို တွန်းလှန်တယ်၊...
ဒီမိုကရေစီအစိုးရကို
လစ်ဘရယ် pluralism မတူညီတဲ့ အများရဲ့ အိုင်ဒီယာနဲ့ တည်ဆောက်ရတယ်၊
ရေရှည်တည့်တန့်အောင်
ထိန်းသိမ်းနိုင်ဘို့ အစိုးရကို
အချက်အလက်နဲ့ ဝေဖန်ဖိအားပေးမှုဟာ မရှိမဖြစ်
လိုအပ်ချက်တခုဖြစ်တယ်။
လက်ရှိပြည်တွင်းမှာ ဒီကရေစီ
အသွင်ကူးပြောင်းကာစဆို
တော့ လက်ရှိအစိုးရကို
အတိုက်အခံ လုပ်နိုင်တဲ့ နိုင်ငံရေးပါတီ ကောင်းကောင်း
မရှိသေးဘူး..
ပြည်သူထဲကဘဲ စိတ်ဝင်စားတဲ့ သူတွေက
ဝေဖန်ထောက်ပြတဲ့ အဆင့်ဘဲ ရှိနေသေးတယ်၊
ဖြစ်နိုင်ချေတခုရှိတာက..
အခုဝေဖန်ထောက်ပြသူတွေဟာ မကြာတဲ့ ကာလတခုမှာ
အတိုက်အခံ လုပ်နိုင်တဲ့
နိုင်ငံရေးပါတီ တခုဖြစ်လာနိုင်တယ်..
ဒေါ်အောင်ဆန်စုကြည်နဲ့
NLD ပါတီဟာ အာဏာရှင်စနစ်ကို တွန်းလှန်ဘို့နဲ့ ပြည်သူ့အစိုးရကို
အစားထိုးနိုင်ဘို့
ဗျူဟာမြောက် နေရာမှာ
ရှိခဲ့လို့လည်း ဒီမိုကရေစီ
အသိုင်းအဝိုင်းကြီး တခုလုံးက
၂၀၁၅ ရွေးကောက်ပွဲမှာ
အနိုင်ရဘို့ ကြိုးစားအားပေးခဲ့
ကြတာ သေချာတယ်။
ဒါဟာလည်း သမိုင်းဝင်တဲ့ ပြောင်းလဲ အောင်မြင်မှုကြီး
တခုဖြစ်ခဲ့တယ်။
သိုသော်လည်း ဒီမိုကရေစီရဲ့
သဘာဝနဲ့ အဓိပ္ပါယ်က
NLD ဦးဆောင်တဲ့ အစိုးရကို
မှက်စိမှိတ်ပြီး လက်ညိုးထောင် ခေါင်းညိတ်တော့ ဆက်ပြီးလုပ်လို့မရပါ၊
ဒီအတိုင်းဆက်လုပ်နေရင်
အာဏာရှင်စနစ်ကို တွန်းအားပေး ဖိတ်ခေါ်နေသလိုဖြစ်မှာ
သေချာတယ်၊
ဒါကြောင့် ပြည်သူထဲက
ဝေဖန်ထောက်ပြနိုင်တဲ့
သူတွေ အားကောင်းကောင်း
နဲ့ ဝေဖန်ထောင်ပြနိုင်ဘို့
မရှိမဖြစ် လိုအပ်နေပြီး
ပြည်သူ့ အကျိုးအမြတ်ကို
ဆောင်ကျင်းပေးရာလည်း
ကျတယ်။
ဒီမိုကရေစီဆိုတာ အတွေးအခေါ်တိုက်ပွဲတခုကို လက်တွေ့ အလေ့
အကျင့်လုပ်ပြီး ပြောင်းယူရတဲ့
ကြိုးပမ်းမှုသာဖြစ်တယ်။
သာမန် လူသားဝါဒကိုအခြေခံလို့
လူစွမ်းကောင်းကို ကိုးကွယ်တဲ့၊
လူစွမ်းကောင်းကိုသာ
အားကိုးတဲ့၊ လူစွမ်းကောင်းတွေ
လုပ်သမျှကို ယုံကြည်ကြတဲ့
စနစ်မဟုတ်ဘူးဆိုတာကို
သိရှိဘို့ အရေးကြီးတယ်၊
သိရှိဘို့ လိုအပ်တယ်။
ဒေါ်အောင်ဆန်းစုကြည်
ဆိုတာလည်း သာမန်လူ
တယောက်က ကြိုးစားလို့
အရည်အချင်း ရှိလာတဲ့
ခေါင်းဆောင်တယောက်လို့
မှတ်ယူရမယ်၊ ကြီးမားတဲ့
မျှော်လင့်ချက်ရှိတာ လက်ခံလို့ရတယ်၊ သိုသော်လည်း သူလုပ်နိုင်သလောက်ဘဲ
သူလုပ်နိုင်လိမ့်မယ်၊ သူမအနေနဲ့
မြန်မာပြည်ကြီးတိုးတက်မှု
အတွက် ဖန်ဆင်းရှင်တွေလို
မလုပ်ပေးနိုင်ဘူးဆိုတာ
သိထားရလိမ့်မယ်။
အချုပ်ဆိုရရင်..
ဒီမိုကရေစီမှာ ပြည်သူ့
အကျိုးအတွက် အတိုက်အခံ
လိုတယ်၊ အတိုက်အခံရှိမှလည်း
တဘက်က ပိုတိုးတက်နိုင်တယ်..
ပြည်သူ အများစုဟာ
ကောင်းခြင်း ဆိုးခြင်းကို
သိနိုင်မယ်၊ သုံးသပ်လာနိုင်မယ်၊
ပါဝင်လာနိုင်မယ်၊
ပြည်သူများများပါဝင်နိုင်လေ
ဒီမိုကရေစီက အားကောင်းတိုး
တက်လေဘဲ။
 
Ni Tun
 
 

No comments: