Saturday, October 15, 2016

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်သွားတဲ့စကား

15.10.2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းရှိ ရဲ...တပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး
လက်နက်တွေ ပျောက်ဆုံးခဲ့ရတာကို တပ်မတော်က အင်အားသုံးပြီး
နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် လူ့အခွင့်အရေးတွေ
ချိုးဖောက်မှုတွေပြောနေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်ဟု ပြော
ကြားချက်များအပေါ် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်း
ပွဲမှာ အခုလို တုံ့ပြန်သွားပါတယ်။

“လူ့အခွင့်အရေး ပြသနာ မရှိဘူးဆိုတဲ့ နိုင်ငံကို ကျမကိုပြကြစမ်းပါ။
လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေဟာ နိုင်ငံတိုင်းမှာရှိနေတယ်
လို့ ကျမ ယူဆပါတယ်။ ကျမတို့နိုင်ငံဟာ နိုင်ငံတွင်းက လူ့အခွင့်အ
ရေးတွေချိုးဖောက်မှု စွပ်စွဲချက်တွေကို အလေးအနက်ထားပြီး ကိုင်
တွယ်နေပါတယ်။ ဂရုတစိုက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ အကောင်း
ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် နားလည်ထားရမှာက
ကျမတို့ နိုင်ငံက ရာစုနှစ်ဝက်ကျော် ရှိခဲ့တဲ့ စနစ်ကြီးကို ကိုင်တွယ်ဖြေ
ရှင်းဖို့ဆိုတာ နေ့ချင်း ညချင်း ပြောင်းပစ်လို့တော့ မရနိုင်ပါဘူးလေ။
လူ့အခွင့်အရေးဆိုတာ အစိုးရတစ်ခုတည်းက ဖော်ဆောင်လို့ရတာ
မဟုတ်ဘဲ လူထုလည်းပါဝင်ရပါမယ်။ လူ့အခွင့်အရေးဆိုတာ ကိုယ့်
အတွက်ဘဲလို့ တစ်ချို့ကထင်ကြပါတယ်။ အဲဒါ မဟုတ်ပါဘူး။ တခြား
လူတွေရဲ့ အခွင့်အရေးကို ထည့်မတွက်ကြဘူး။ တကယ်တန်း အဲသလို
လုပ်လို့မရပါဘူး။ အခု မောင်းတောမှာလည်း တပ်မတော်က အင်အား
သုံးပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာပါ။ လူအခွင့်အရေးတွေ
ချိုးဖောက်နေတာမဟုတ်ဘူး။"

မူရင်း-credit

No comments: