Friday, October 28, 2016

ငြိမ်းချမ်းရေးအတွက် အစီအစဉ်သစ်တွေနဲ့ တက်ကြွနေတဲ့ အမေ ...အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနိုဝင်ဘာ​လအတွင်း ပြုလုပ်သွားမည်ဟုဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော် ၊ အောက်တိုဘာ ၂၈
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို နိုဝင်ဘာ​လအတွင်း ပြုလုပ်သွားဖို့ရှိတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
“အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ သုံးခုလောက်လုပ်ချင် ပါတယ်၊ သုံးခုလောက်က ဘာလဲဆိုတော့ ဒေသကို အခြေခံတာက တစ်မျိုး၊ အမျိုးသားကို အခြေခံတာက တစ် မျိုး၊ ရိုးရာကို အခြေခံတာက တစ်မျိုး ဒီသုံးမျိုးကို ကျွန်မတို့လုပ်ပါမယ်၊ စမ်းသပ်တဲ့အနေနဲ့ လုပ်တဲ့အတွက် အမြန်ဆုံးဖြစ်နိုင်အောင်လုပ်ချင်ပါတယ်”ဟု သူမကဆိုပါတယ်။
အောက်တိုဘာလ ၂၈ရက်နေ့က နေပြည်တော်ရှိသင်္ဂဟဟိုတယ်တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု့ ပူးတွဲကော်မတီအစည်းအဝေးတွင် သူမက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် တစ်တိုင်းပြည်လုံးအားလုံးလုပ်ရမှာ အဆင့်သင့်မဖြစ်သေးကြောင်း သူမက ထပ်မံပြောပါတယ်။

“တစ်ချိန်တည်းမှာပဲ တစ်တိုင်းပြည်လုံးမှာ အားလုံးလုပ်ဖို့ဆိုတာကတော့ လက်တွေ့လည်းမကျပါဘူး၊ အမှန်ပြော ရလို့ရှိရင် အဲဒီဟာအတွက် အဆင်သင့်လည်းမဖြစ်သေးပါဘူးလို့ ကျွန်မတို့မြင်ပါတယ်၊ ဒီလိုစမ်းသပ်ပွဲလေး တွေလုပ်ပြီးတော့မှတစ်ဆင့် ထပ်ပြီးတော့ သွားဖို့ကို ကြိုးစားချင်ပါတယ်၊ အဲ့ဒီလိုလုပ်တဲ့နေရာမှာ တစ်ခြားနေရာတွေ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံသူတို့ရဲ့ ဥပမာတွေကိုကြည့်ပြီးတော့မှ တခါတလေကျွန်မတို့ဟာ ဖြန့်ပြီးတော့မှ တွေ့သင့်တွေ့ထိုက်တဲ့ သူတွေ စကားပြောသင့်တဲ့သူတွေကို တပတ်နှစ်ပတ်တနေရာထဲမှာ တခါတည်း ဆွေးနွေးတဲ့ပုံစံမျိုးနဲ့လည်း လုပ်ချင်ပါတယ် ကျွန်မတို့ကြားထဲမှာ ပိုပြီးတော့ စစ်မှန်တဲ့ နီးစပ်မှုရှိဖို့လိုတယ်၊ မပြတ်အမြဲတစ်စေတွေထိဖို့လိုပါတယ်”ဟု သူမက ပြောကြားခဲ့ပါတယ်။
စိုင်းလမင်း

No comments: