Saturday, October 8, 2016

#ပုဒ်မ #၅(ည) ကို သမတ ဦးထင်ကျော် အမိန့်နဲ့ လုံးဝပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်းပါတဲ့ဗျာ ။ ပျော် တာပေါ့...အမေရဲ့ ပျော်တာပေါ့ ... အမေရယ်

ပျော် တာပေါ့...အမေရဲ့ ပျော်တာပေါ့ ... အမေရယ်
*******
နားသောတစဉ် ကြပါရှင်
_/\_ _/\_ _/\_ ပီနန်ဆရာတော်ဘုရား ဦးပညာဝံသ ဦးစီးတည်ထောင်ခဲ့သော မြန်မာနိုင်ငံ ရန်ကုန်မြို့ အထင်ကရ ကျောင်း တော်ကြီး အမှန်တရားကသက်သေတည် ဓမ္မက အဓမ္မကို ပညာပေး သက်သေပြလိုက်ပါပြီရှင်
ပီနန်ဆရာတော်ဦးပညာဝံသ ဘုန်းနေလမင်း အေးချမ်းပါစေ သာသနာ့မြေ ပြည်သူ ရဟန်း တတ်ကြပါစေ သာသနာ့ စာပေ ကျောင်း
**********
ကဲ .. မင်္ဂလာ သတင်းလေး ၂ပုဒ်နဲ့ မောနီးလိုက်ကြပါစို့လား ဗျို့ !
တခုက -
သမတဦးသိန်းစိန်လက်ထက်က လန်ဒန်ဆရာတော်ကြီးနဲ့ သံဃာတော်များကို ညဉ်နက်သန်းကောင် အကြမ်းဖက်သမားများလို ဖမ်းဆီးနှိပ်ကွပ် ထောင်ထဲပါ အရောက်ပို့ခဲ့ပြီး အဓမ္မ သိမ်းယူထားခဲ့တဲ့ မဟာသံန္နိသုခ ကျောင်တိုက်ကြီးကို ယခု အစိုးရသစ် လက်ထက်မှ ပီနန်ဆရာတော်ကြီးထံ တောင်းပန်လျှောက်ထား ပြန်လည်အပ်နှံ ပေးပါတော့မယ်တဲ့ ခင်ဗျာ ... ၊
နောက်တခုကတော့ -
ဒီမိုကရေစီ တိုက်ပွဲတလျှောက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ရာပေါင်းများစွာတို့ရဲ့ အသက်တွေ ဘဝတွေကို ထင်သလို နှိပ်စက်ဖျက်ဆီးခွင့် ရစေခဲ့တဲ့ #ပုဒ်မ #၅(ည) ကို သမတ ဦးထင်ကျော် အမိန့်နဲ့ လုံးဝပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်းပါတဲ့ဗျာ . . . ။
အား လုံး ပဲ မ င်္ဂ လာ ပါ ဗျ . . . .
#မိုက်တီး
မျှဝေသူ
ရီရီအေး ( သူနာပြု - ကညွှတ်ကွင်းမြို့ )
 

No comments: