Tuesday, October 18, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက်

18-10-2016
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးသည်။...
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံသံရုံးသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နံနက် ၁၀ နာရီတွင် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်းစာအုပ်တွင် လက်မှတ်ရေး ထိုးပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမှတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
MOI Webportal Myanmar
 
 

No comments: