Wednesday, October 26, 2016

စစ်ရေးတင်းမားနေသည့် မိုင်းလား ဒေသ နောက်ဆုံး အခြေအနေ

စစ်ရေးတင်းမားနေသည့် မိုင်းလား ဒေသ နောက်ဆုံး အခြေအနေ
 
26 October 2016
--
(၁)
မိုင်းလား ဒေသရှိ ၀င်ရောက်တပ်စွဲထားသည့် UWSA ၀ တပ်ဖွဲ့များ အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် တပ်မတော်ညွှန်ကြားထားသော်လည်း အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့် အထိ ဆုတ်ခွာခြင်းမရှိသေးဘဲ တပ်စွဲထားဟု မိုင်းလား ဒေသခံဆို
...
( ၂) စစ်ရေးတင်းမာမှုကြောင့် ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်သော်လည်း မိုင်းလားမြို့ထဲတွင် အသွားအလာ ရှိနေဆဲဖြစ်
(၃)
တာချီလိတ် ၊ကျိုင်းတုံ ၊ မိုင်းယောင်းနယ်ဘက်မှ မိုင်းလားသို့ လာရောက်သူနည်းပါးသွား
(၄)
စစ်ရေးတင်းမာမှု စတင်ခဲ့စဉ်က ပိတ်မိနေသည့် နိုင်ငံခြားသားများမှာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်ရောက်သွားပြီဟု ဒေသတွင်း သတင်းအေဂျင်စီဖြစ်သည့် တာချီလိတ် သတင်းဖော်ပြ
(၅)
ဝ နယ် အနောက်ဘက် သံလွင် အနောက်ဘက်ကမ်း မိုင်းရှူး ဒေသရှိ SSPP/SSA နယ်မြေတွင် စစ်ရေး လှုပ်ရှားမှုရှိလာဟု SSPP/SSA ရှမ်းလက်နက်ကိုင်ဘက်မှ အတည်ပြု ပြောဆို
(၆) UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလား NDAA ခေါင်းဆောင်များအကြား ပုံမှန် ဆွေးနွေးမှုများ ရှိနေဟု မိုင်းလားအဖွဲ့ဘက်မှ The Ladies News ထံ အတည်ပြု ပြောဆို
(၇)
တရုတ်မြန်မာ နယ်စပ် အရေးလေ့လာသူ တစ်ဦးကမူ ၀ အနေဖြင့် မိုင်းလား ဒေသမှ အလွယ်တကူ ဆုတ်ရန် ခက်ခဲဟု အောက်တိုဘာလ ၂၅ ရက်နေ့က The Ladies News အား ပြောဆိုထား
The Ladies News
ဓာတ်ပုံ - ဝ နှင့် မိုင်းလား ပူးတွဲအဖွဲ့ 

No comments: