Wednesday, October 19, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ - အိန္ဒိယ စီးပွားရေးစကားဝိုင်းသို့ တက်ရောက်

နယူးဒေလီ၊ အောက်တိုဘာ ၁၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ITC MAURYA Hotel ၌ အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာနနှင့် Confederation of India Industryတို့ပူးပေါင်းကျင်းပသည့် မြန်မာ-အိန္ဒိယ စီးပွားရေးစကားဝိုင်း (Business Roundtable) သို့ တက်ရောက်သည်။
...
အဆိုပါ စကားဝိုင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာနမှ Minister of state Dr. V.K.Singh နှင့် အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စကားဝိုင်းတွင် Confederation of India Industry Director General ၊ Mr. Chandrajit Banerjee ၊ Confederation of India Industry President ၊ Dr. Naushad Forbes ၊ Minister of state Dr. V.K.Singh တို့က အမှာစကားပြောကြားကြသည်။
 
 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက် နေသည့် စီပွားရေးဆိုင်ရာမူဝါဒများ၊ မကြာမီပြဋ္ဌာန်းတော့မည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ဥပဒေ အပါအ၀င် ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

No comments: