Monday, October 3, 2016

UN နဲ့ ရခိုင်ကိစ္စ

United Nations ဆိုတာ
ထဲထဲဝင်ဝင် အနေနဲ့ဆိုရင်
International Politics မှာ...

အုတ်ရောရော ကျောက်ရောရောနဲ့
International NGOs တွေ
အဆင့်ဘဲရှိတယ်၊ UN ရဲ့ policy
ဆိုတာ UN ကို ပိုက်ဆံများများ လှူဒါန်း
ထည့်ဝင်နိုင်တဲ့ နိုင်ငံတွေရဲ့ policy ဘဲဖြစ်တယ်။ ထိုတိုင်းပြည်တွေက
UN ကို သူတို့ဖြစ်စေချင်တဲ့ ပုံစံအတိုင်း
ကြိုးကိုင်ပြီး အသုံးချနေကြတာ။
ထိုတိုင်းပြည်တွေက UN ရဲ့
Security Council ကိုတောင်
သူတို့လုပ်ချင်လာရင် ဘေးမှာ
ခဏထားပြီး မနာခံဘဲနဲ့ စစ်တိုက်ကြတာ၊
ဥပမာ US, UK နဲ့ Australia တို့ပေါင်းကာ
UN ကို ကလန်ပြီး နားမထောင်ဘဲ
အီရတ်ကို အတင်းဇွတ် စစ်ဝင်တိုက်ကြတာ
မှတ်မိကြမှာပေါ့၊
ပြောချင်တာက ကိုယ့်တိုင်းပြည်တွင်းက
နိုင်ငံရေး အရည်အသွေး အားကောင်းဘို့
ပထမဆုံး အရေးကြီးတယ်။ ကိုယ်ပြည်တွင်းက နိုင်ငံရေး
အားမကောင်းဘဲ ကိုယ်ကိုယ်တိုင်
ရှင်းရမဲ့ ကိစ္စကို UN အားပေးဝင်ပြီး
ဖြေရှင်းခိုင်းရင် UN ကို ကိုင်ထားနိုင်တဲ့
သူတွေရဲ့ လှို့ဝှက် policy တွေပါလာမှာ
သေချာတယ်။ UN ဆိုတာ အမြင်ပန်းမှာ
မျှ မျှတတနဲ့ ရှင်းပေးလိမ့်မယ်။
အကယ်၍ သူတို့ရှင်းတဲ့ ရခိုင် ပြသာနာရဲ့
အဖြေဟာ မျတလို့ 50/50
ဖြစ်ရင်တော့ ကိုယ်ဘက်က
နစ်နာဘို့ အများကြီးရှိတယ်။
ရခိုင်ကိစ္စက လူ့အခွင့်ရေး ကိစ္စမဟုတ်ဘူး၊
ပုံမှန်လူ့အခွင့်ရေးကိစ္စက ရှင်းလို့လွယ်တယ်။
ဒီ့ထက်ပိုလေးနက်တယ်၊
မြန်မာပြည်ဟာ ရခိုင်ကိစ္စကို
အရည်အသွေးရှိတဲ့ ပြည်တွင်း
နိုင်ငံရေးနဲ့ နိုင်ငံတကာ အဆင့်မှီ
ဖြေရှင်းနိုင်ဘို့ လိုအပ်နေပြီ၊
ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ရွေးကောက်ပွဲက
မဲနိုင်ထားတဲ့ ရခိုင်ခေါင်းဆောင်တွေနဲ့
လက်ရည် တပြင်စီး အသိအမှတ်ပြု
ပြီး အဖြေရှာနိုင်ရန် စကားသေချာ
ပြောဘို့လိုအပ်နေပြီ..
အခုတော့ အမျိုးသားရင်ကြား
စေ့ရေးကို အရေးတကြီးဆောင်
ရွက်နေပါလျှက် ရခိုင်ခေါင်းဆောင်တွေနဲ့
သေချာ စကားမပြောနိုင်တာဟာ
ရင်ကြားစေ့ရေးအတွက်
အဓိက လိုအပ်ချက်ကြီးတခု ဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ရခိုင်ခေါင်းဆောင်တွေနဲ့ အရင်ဆုံး
စကားပြော အသိအမှတ်ပြု
အဖြေရှာဘို တိုက်တွန်းပါတယ်။

Ni Tun

No comments: