Thursday, November 3, 2016

မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းစီမံကိန်းအားလုံး အပြီးဖျက်သိမ်းသည် အထိ ဒေသ ခံများ ဆက်လက်တောင်းဆိုမည်

မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းစီမံကိန်းအားလုံး အပြီးဖျက်သိမ်းသည် အထိ ဒေသ ခံများ ဆက်လက်တောင်းဆိုမည်

Thursday, November 3, 2016
 
ဧရာဝတီမြစ်ဆုံစီမံကိန်း အပါအဝင်မြစ်ဆုံအထက်ရှိ မြစ် ညာ၊ မြစ်ဝှမ်းမံ ကိန်းအားလုံး ရပ်ဆိုင်းပေးရန်လိုလားပြီး စီမံကိန်းအပြီးဖျက်သိမ်းပေးသည် အထိ ဆက်လက် တောင်းဆိုမည်ဟု ကချင်ပြည် နယ်ဒေသခံများက ပြောသည်။
မေခနှင့် မလိခမြစ်တို့ ပေါင်းစည်းဖြစ်တည်လာသော ဧရာဝတီမြစ်ကြီး ၏မြစ်ဆုံရေကာတာအပါ အဝင် မေခမြစ်နှင့်မလိခမြစ်တို့ တွင် ရေကာတာ စီမံကိန်း ၁၀ ခု ဆောက်လုပ်မည်ဖြစ်ရာ ယင်းစီမံ ...ကိန်းများအားလုံးကို လက်မခံနိုင် ကြောင်း ဒေသခံများက တညီတ ညွတ်တည်းပြောသည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒ အတိုင်း ဆောင် ရွက်နိုင်ရန် ကော် မတီ ဖွဲ့စည်းထားပြီဖြစ်၍ ပြည် သူများ၏သဘောထားဆန္ဒ မပါ ပါက ရပ်ဆိုင်းသင့်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး ဦးHလအောင်က ပြောသည်။
‘‘ကျွန်တော့်ရဲ့သဘောထား ကလည်း ပြည်သူတွေ လက်မခံတဲ့စီမံကိန်းကို လက်မခံပါဘူး။ ပြည် သူတွေရဲ့သဘောဆန္ဒနဲ့ ကျွန်တော့်သဘော ဆန္ဒတစ်ထပ်တည်းပါ။ ပြည်သူ့ဆန္ဒမပါဘဲ စီမံ ကိန်းကို ဆက်မလုပ်သင့်ပါဘူး’’ ဟု ဦး H လအောင်က ပြောသည်။ ထို့အပြင် မြစ်ဆုံကော်မရှင် သည်လည်း ရေကာတာစီမံကိန်း များပြုလုပ်မည့် မြစ်ဆုံသို့ လာ ရောက်ခဲ့သော် လည်း ဒေသခံများ နှင့်တွေ့ရှိသွားခြင်းမရှိဟု တန်ဖဲ ကျေးရွာမှ ဒေါ်လုရာ က ပြောသည်။
‘‘အစိုးရသစ်က ဖွဲ့စည်းတဲ့ ကော်မရှင်ကို အရင်က အားကိုး တယ်။ ယုံကြည် တယ်။ အခုတော့ ယုံကြည်မှုနည်းသွားပြီ။ ကော်မ ရှင်က ဒီကိုလာတဲ့ အချိန်မှာ ဒေသ ခံတွေကို အချိန်ပေးတွေ့မသွား ဘူး။ ကျွန်မအနေနဲ့ ပြောချင်တာ က မြစ်ဆုံဆိုတာ ကချင်လူမျိုးတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် နေရာတစ်ခုလည်းဖြစ်သလို မြန် မာနိုင်ငံရဲ့အသက်သွေးကြော လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီ စီမံကိန်းကို ဆက်မလုပ်ဖို့ ပြောချင်တယ်’’ဟု ဒေါ်လုရာက ပြောသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအ ပါအဝင် မေခမြစ်တွင် ချီဖွေရေ အားလျှပ်စစ်စီမံကိန်း၊ ပါရှီး၊ လ ကင်၊ ဖားဇော်၊ ခေါင်လန်ဖူး၊ မလိခမြစ်တွင် လိုင်ဇာရေအား လျှပ်စစ်စီမံကိန်း၊ ငေါ်ချမ်းခမြစ် တွင် ဂေါ့လန်း၊ ကန်းဖန်၊ လုံရှင်၊ လောင်ခင် စသည့်ရေအားလျှပ် စစ်စီမံကိန်းများပြုလုပ်ရန် စီစဉ် ထားခြင်းဖြစ်သည်။
7 Days

No comments: