Sunday, November 13, 2016

ပါ့ခ်ဂွမ်ဟေး နုတ်ထွက်ပေးရန် ပြည်သူ တစ်သန်းကျော် ဆန္ဒပြ တောင်းဆို

ပါ့ခ်ဂွမ်ဟေး နုတ်ထွက်ပေးရန် ပြည်သူ တစ်သန်းကျော် ဆန္ဒပြ တောင်းဆို
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
ဆိုးလ် နိုဝင်ဘာ ၁၂
...
နိုင်ငံရေးကိစ္စများတွင် တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟေး၏ အရင်းနှီးဆုံး သူငယ် ချင်းအနေဖြင့် ပါဝင်စွက်ဖက်မှုများ ရှိသည်ဟူသော မကောင်းသတင်း ကျော်ကြားမှုကြောင့်မတည်မငြိမ်ဖြစ်နေချိန် သမ္မတအနေဖြင့် ရာထူးမှ နုတ်ထွက်ပေး ရန် ပြည်သူတစ်သန်း ကျော်က နိုဝင်ဘာ ၁၂ ရက်တွင် ဆိုးလ်မြို့၌ ဆန္ဒပြတောင်းဆိုကြောင်း သိရသည်။
အဆိုပါဆန္ဒပြပွဲကို ဆိုးလ်မြို့တော်ခန်းမ အနီးရှိ ပြည်သူ့ရင်ပြင်၌ လုပ်ဆောင်ခြင်းဖြစ်ပြီး ဆန္ဒပြသူ ၁၇ဝဝဝဝ ကျော် ပါဝင်မည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
သို့သော် ယင်းဆန္ဒပြပွဲတွင် အနည်းဆုံး ပြည်သူတစ်သန်းကျော် ပါဝင်ကြောင်း ဆန္ဒပြ ပွဲစီစဉ်သူများ က ပြောပြီး တောင်ကိုရီးယား နိုင်ငံ၏ သမိုင်းတွင် လူအများဆုံး ဆန္ဒပြမှုဖြစ် ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ဆူပူအုံကြွမှုများကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင် ၂၅ဝဝဝ ခန့် တာဝန်ပေးထားကြောင်း သိရသည်။
၎င်းဆန္ဒပြပွဲ၌ အတိုက်အခံပါတီ သုံးခုအပြင် ဒီမိုကရက်တစ်ပါတီမှ ဆိုးလ်မြို့တော်ဝန် ပါ့ခ်ဝန်ဆွန်းနှင့် သမ္မတ အဖြစ် ရွေးချယ်ခံရနိုင်ဖွယ် ရှိသူများလည်း ပါဝင်ဆန္ဒပြကြောင်း သိရသည်။
ထို့ပြင် အဆိုပါဆန္ဒပြပွဲကို လူမှုရေး အဖွဲ့အစည်း စုစုပေါင်း ၁၅ဝဝ က စီစဉ်လုပ်ဆောင် ခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများအနက် လူအင်အား အများဆုံး အဖြစ် သတ်မှတ်ထားသည့် ဆန္ဒပြပွဲမှာ အမေရိကန်မှ အမဲသားများကို ပြန်လည်တင်သွင်းရန် အစိုးရက ဆုံးဖြတ်မှုကြောင့် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် ဖြစ်ပွားသော ဆန္ဒပြပွဲဖြစ်ပြီး လူဦးရေ ၈ဝဝဝဝ ကျော် ပါဝင်ကြောင်း ရဲတပ်ဖွဲ့က တွက်ချက်ထားသော်လည်း ၇ဝဝဝဝဝ ကျော် ပါဝင် ကြောင်း ဆန္ဒပြပွဲစီစဉ်သူများက နောက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
မြ၀တီ
Image may contain: 2 people

No comments: