Friday, November 11, 2016

ဒေါ်နယ်ထရန့်လက်ထက် ကန်-တရုတ်ဆက်ဆံရေးပေါ်မူတည်၍ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ် ရိုက်ခတ်နိုင်ဟုသုံးသပ်

ဒေါ်နယ်ထရန့်လက်ထက် ကန်-တရုတ်ဆက်ဆံရေးပေါ်မူတည်၍ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ် ရိုက်ခတ်နိုင်ဟုသုံးသပ်

အမေရိကန်သမ္မတဖြစ် လာမည့် ဒေါ်နယ်ထရန့်လက် ထက်တွင် မြန်မာ့ငြိမ်းချမ်းရေးအ တွက် အကူအညီပေးမှုများဆက် လက်ရှိနေမည်ဟု မျှော်လင့်သော် လည်း အမေရိကန်-တရုတ်ဆက် ဆံရေးအပေါ် မူတည်၍ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရိုက် ခတ်မှုများရှိသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သုံးသပ်ပြောကြားသည်။

အမေရိကန် သမ္မတသစ် လက်ထက်တွင် မြန်မာပြည်ငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ် အမေရိ ကန်၏ပါဝင်ပတ်သက်မှု လက်ရှိ အတိုင်း ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောကြားသည်။

‘‘ဆိုလိုချင်တာက သူက မြန် မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အ ပေါ်မှာ ဆက်လက်ပြီးတော့ အကူ အညီပေးနေမယ်ဆိုတဲ့ သဘော တော့ ရှိလိမ့်မယ်။ ဒါပေမဲ့  ဒီနေ ရာမှာ တရုတ်နဲ့ အမေရိကန်ဆက် ဆံရေး ပိုမိုပြီးတော့ အဆင်ပြေမှု သို့မဟုတ်ရင်လည်း တင်းမာမှု အဲဒီအနေအထားပေါ်မှာ မူတည် ပြီး ရိုက်ခတ်မှုတစ်စုံတစ်ရာရှိနိုင် တယ်လို့ ကျွန်တော်မြင်တယ်’’ဟု ဦးထွန်းဇော်က ပြောသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံ အ မေရိကန်အနေဖြင့် အစိုးရယန္တရားများ ခိုင်မာစွာရှိနေ၍ ယခင်ချမှတ် ထားသည့် နိုင်ငံခြားရေး၊ စစ်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးဆိုင်ရာစီမံချက်များကို ချက် ချင်း အပြောင်းအလဲပြုလုပ်လိမ့် မည်မဟုတ်ဟု တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်ရေး ထိုးထားသည့် ပအိုဝ်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မှတ်ချက်ပြုသည်။
‘‘အမေရိကန်မှ မဟုတ်ပါ ဘူး။ နိုင်ငံတိုင်းကတော့ မြန်မာ ပြည်ငြိမ်းချမ်းရေးကို အင်တိုက် အားတိုက်ကူမယ်လို့ ပြောတဲ့ နိုင်ငံတွေချည်းပဲ။ တရုတ်အပါအဝင်၊ ဂျပန်အပါအဝင်ပေါ့။ ဒါပေမဲ့ အ မေရိကန်ကတော့ နိုင်ငံကြီးဖြစ် တော့ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ လုပ်ဆောင်ချက်တွေမှာတော့ သူတို့ ပိုစိတ်ဝင်စားမှုရှိတယ်’’ဟု ဗိုလ် မှူးကြီးခွန်ဥက္ကာက ပြောသည်။
လက်ရှိ သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်-တ ရုတ်ဆက်ဆံရေးကို ပိုမိုပြေလည် စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ဟု မြင် ကြောင်း၊ ထို့ကြောင့် အမေရိကန် အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ကူညီရာတွင် တ ရုတ်နှင့် ထိပ်တိုက်တွေ့မည့်အ နေအထားများကို ရှောင်ရှားခဲ့ ကြောင်း၊ ဒေါ်နယ်ထရန့်လက် ထက်တွင် မူဝါဒများ အပြောင်းအ လဲရှိလာနိုင်ကြောင်း ဦးထွန်းဇော် က သုံးသပ်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စာချုပ် NCA ရရှိရေးညှိ နှိုင်းမှုအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အမေရိကန်၊ တရုတ်၊ ဂျပန်အပါအဝင် နိုင်ငံ ခုနစ်ခု၏ပါဝင်မှုကို တိုင်းရင်းသား များဘက်က တောင်းဆိုခဲ့သော် လည်း တရုတ်က အနောက်နိုင်ငံ များ၏ပါဝင်မှုကို လိုလားမှုမရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်လ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ ယခင် တွေ့ဆုံဆွေးနွေးမှုများ၌လည်း မြန်မာ့ငြိမ်းချမ်းရေးကို အမေရိကန်က ဆက်လက်ကူညီမည်ဟု ဆွေးနွေးခဲ့သည်။

http://www.7daydaily.com/story/80531

No comments: