Tuesday, November 29, 2016

ခရစ်ယာန် မစ်ရှင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ကာဒီနယ်ချားလ်ဗို တောင်းဆိုမည်

ခရစ်ယာန် မစ်ရှင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ကာဒီနယ်ချားလ်ဗို တောင်းဆိုမည်

Tuesday, November 29, 2016
 
တိုင်းပြည်၏ နှစ်ပေါင်းများစွာ လျစ်လျူရှုထားရသော ပညာရေးစနစ်ကို ပြန်လည်ပြုပြင်ရန်အတွက် ပြည်သူပိုင်သိမ်းခံရသော ကက်သလစ် ခရစ်ယာန်စာသင်ကျောင်းများကို ပြန်လည်ခွင့်ပြုပေးရေးအတွက် အစိုးရထံမှ တောင်းဆိုမည်ဟု ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်ဗိုလ်က ပြောကြားလိုက်သည်။
...
ခရစ်ယာန် မစ်ရှင်စာသင်ကျောင်းများ၏ အဆင့်အတန်းမြင့်သော ပညာရေးကြောင့် ၁၉၅၀ နှစ်များတွင် မြန်မာသည် အရှေ့တောင်အာရှတွင် အကောင်းဆုံး ပညာရေးရှိသည့် နိုင်ငံဖြစ်ခဲ့သည်။ သို့ သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပြီးနောက်တွင် အဆိုပါ ခရစ်ယာန်မစ်ရှင်ကျောင်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။
“ဒီဘုရားကျောင်းတွေက ပညာရေးအတွက် တဖက်တလမ်းကနေ ပြန်လည်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု အသက် ၆၈ နှစ်အရွယ် ကာဒီနယ်ချားလ်ဗိုလ်က ဆိုသည်။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ဒီအကြောင်းကို အခုထိ မပြောသေးပေမယ့် ကျွန်တော်တို့ အနေနဲ့  ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ အစိုးရကို တရားဝင် တောင်းဆိုသွားမယ်” ဟု 'ucanews.com ကို ၄င်းက ပြောကြားသည်။ အဆိုပါကိစ္စကို လွှတ်တော်မှာ တင်ပြနိုင်ရန် ကြိုးပမ်းမည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် စိန့်အော်ဂက်စတင်း၊ စိန့်မေရီ၊ ကွန်ဗင့်၊ မက်သဒစ် အစရှိသည့် မစ်ရှင်ကျောင်းကြီးများသည် အင်္ဂလိပ်ကိုလိုနီ လက်ထက်မှ စတင်ပြီး မြန်မာနိုင်ငံအတွက် ပညာတတ်နိုင်ငံရေးသမားများစွာကို မွေးထုတ်ပေးခဲ့သည်။
လင်းလင်း
The Ladies News

No comments: