Friday, November 4, 2016

ကေအိုင်အေနှင့် ဆွေးနွေးနိုင်ရန် ယာယီအပစ်ရပ်စဲရေး ကြေညာသင့်ဟု ကေအိုင်အို ဒုဥက္ကဋ္ဌဟောင်း တိုက်တွန်း

ကေအိုင်အေနှင့် ဆွေးနွေးနိုင်ရန် ယာယီအပစ်ရပ်စဲရေး ကြေညာသင့်ဟု ကေအိုင်အို ဒုဥက္ကဋ္ဌဟောင်း တိုက်တွန်း

KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ
ကချင်လွတ်မြောက် ရေးတပ်မတော် (KIO) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ယာယီအပစ်ရပ်စဲရေး ကြေညာပြီး နိုင်ငံရေးဆွေးနွေးရန် အစိုးရနှင့် တပ်မတော်တို့အား ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက တိုက်တွန်းပြောကြားသည်။

KIO/KIA အနေဖြင့် ငြိမ်း ချမ်းရေးကို လိုလားသော်လည်း လတ်တလောတိုက်ပွဲများရှိနေ ခြင်းက ဆွေးနွေးမှုပြုလုပ်ရန် အ နှောင့်အယှက်အဟန့်အတားဖြစ် စေကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဟောင်းလည်းဖြစ်သူ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

‘‘ကျွန်တော်တို့ မြင်တာက တပ်မတော်နဲ့ အစိုးရအနေနဲ့ လည်း ယာယီအပစ်အခတ်ရပ်စဲ ရေးကြေညာထားရမယ်။ ယာယီ အပစ်အခတ်ရပ်စဲရေးကြေညာ ထားပြီး ကေအိုင်အိုနဲ့ စားပွဲပေါ် မှာ ၀ိုင်းဝန်းဆွေးနွေးပြီးတော့မှ NCA လက်မှတ်ထိုးလာအောင် ၀ိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ် တယ်။ ယာယီအပစ်အခတ်ရပ်စဲ ထားပြီး ဆွေးနွေးပြီးမှ သွားမယ်ဆိုလို့ရှိရင်တော့ အများကြီးအလား အလာကောင်းပါတယ်။ အခုက တိုက်ပွဲရှိနေတော့ အဟန့်အတား ဖြစ်နေတာပေါ့’’ဟု ၎င်းက ဆိုသည်။
ဒေါက်တာ မနမ်တူးဂျာသည် ၂၀၀၁ တွင် KIO အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ မှ ၂၀၀၉ အထိ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀ တွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့သော်လည်း KIO နှင့် ပတ်သက်သည်ဟု သံသယရှိသည်ဆိုကာ မှတ်ပုံတင်ခွင့်မပြုခဲ့ပေ။ ၂၀၁၃ တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တရားဝင်မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
KIO/KIA ပြောရေးဆိုခွင့်ရှိ သူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ၎င်းတို့အဖွဲ့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရေးမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) လမ်း ကြောင်းမှတစ်ဆင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းနေသည်ဟု နိုဝင် ဘာ ၁ ရက်က ပြောသည်။
‘‘လောလောဆယ်ကတော့ တပ်မတော်ဘက်က အခုလိုမျိုး စစ်ဆင်ရေးလမ်းကြောင်းနဲ့ ဖိ အားပေးပြီးမှ လက်မှတ်ထိုးတာ မျိုးတို့၊ နိုင်ငံရေးဆွေးနွေးတာမျိုး တို့ မဖြစ်သင့်ဘူးလို့ ကျွန်တော်က ယူဆပါတယ်။ ဘာကြောင့်လဲဆို တော့ စစ်ရေးနဲ့ ဖိအားပေးပြီး တော့ လုပ်တာမျိုးက ခိုင်ခံ့မှုတော့ မရှိပါဘူး။ တည်မြဲတဲ့ ငြိမ်းချမ်း ရေးတော့ မဖြစ်နိုင်ဘူးလို့ ကျွန် တော်ပြောလိုပါတယ်’’ဟု ဒုတိယဗိုလ်မှူးကြီး နော်ဘူက  ပြောသည်။တပ်မတော်နှင့် KIA တို့သည် ပြီးခဲ့သည့် သြဂုတ်လလယ်မှစ တင်၍ ကချင်ပြည်နယ်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေရာ ဒေသခံပြည်သူများက တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းပေးရေး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာရန် နေပြည်တော်၌ အောက်တို ဘာ ၁၅ ရက်က ကျင်းပသည့် NCA စာချုပ်ချုပ်ဆိုခြင်း နှစ်ပတ် လည်နေ့အခမ်းအနား၌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
လက်ရှိတွင် အစိုးရ၏ ငြိမ်း ချမ်းရေးကော်မရှင်နှင့် KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် UNFC ကိုယ်စားလှယ်အဖွဲ့တို့ သည် နိုဝင်ဘာအတွင်း တွေ့ဆုံနိုင်ရန် ညှိနှိုင်းလျက်ရှိသည်။
NCA လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ အနေအထားကို နားလည်သော်လည်း ၎င်းအဖွဲ့ များအနေဖြင့် ငြိမ်းချမ်းရေးညီလာ ခံပြင်ပတွင် အချိန်ဆွဲမနေဘဲ ညီလာခံသို့ အားလုံးပါဝင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့ သည်။

http://www.7daydaily.com/story/79900

No comments: