Friday, November 4, 2016

ဂျပန်ရောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဂျပန်ရောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့်  ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
4 November 2016
----------------------
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းတို့ ဦးဆောင်သည့် အဖွဲ့ဝင် ၃၂ ဦးပါ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်အဖွဲ့သည် ယနေ့ ဂျပန်နိုင်ငံကို ရောက်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်ပတ်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ
Adversting / Marketing Services
Agriculture / Livestock
Automobile / Machinery
Banking / Financial Services
Computer Sales / Services & Training
Construction / Property Development Consultancy Services
Electric Power / Electronics Energy
Food Processing
Garment Manufacturing
General Trading / Trading
Health Care / Medical / Pharmaceutical
Hotel / Hospitality / Travel & Tours
Infrastructure Development
IT / Telecommunication
Manufacturing / Distribution
Marine Products
Oxygen Gas Plant / Industrial Gases
Pulses & Beans
Real Estate / Home Services
စသည်ဖြင့် လုပ်ငန်းအမျိုးအစားပေါင်း ၂၀ ကျော်မှ ကုမ္ပဏီအရာရှိကြီးများကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ အဖွဲ့သည် တိုကျိုမြို့၌ နိုဝင်ဘာ ၈ တွင် ပြုလုပ်မည့် မြန်မာ့စီးပွားရေး ဖိုရမ်ကိုလည်း တက်ရောက်မည်ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက်ပိုင်းက ဂျပန်ကုန်သည်ကြီးများအသင်း ဥက္ကဌနှင့် သီးသန့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအလားအလာများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို အဓိက ဦးတည်၍ အကူအညီများ ပေးမည်ဟု ကတိပြုထားသည်နှင့် အညီ မြန်မာဖက်မှ လုပ်ငန်းများကို လုပ်ဆောင်သွားနိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားပြီး ဂျပန်ကုမ္ပဏီများက မြန်မာ ကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက်ရသည်ကို ကျေနပ်သဘောကျမှုရှိသည်ဟု ဆိုသည်။ ယခုခရီးစဉ်တွင် လိုက်ပါလာသည့် စီးပွားရေးသမားများမှာ ကုန်ကျစရိတ်ကို ကိုယ်ပိုင်ငွေဖြင့် ကျခံကာ လိုက်ပါခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ မြန်မာစီးပွားရေး လုပ်ငန်းရှင်အဖွဲ့တွင် UMFCCI ၊ မြန်မာ့ဆန်စပါးအသင်း ၊ သီလ၀ါ SEZ Holdings အများပိုင်ကုမ္ပဏီ တို့အပြင်
Aung Shwe Thae Co.,Ltd
Aung Thein Than Co.,Ltd
Ayeyar Hinthar Holdings
Chindwin Banner Garment Co.,Ltd
Da Na Thi Ha
Earth Industrial (Myanmar) Co.,Ltd
First Milky Way Group of Companies
Fortune International Co.,Ltd
Golden Hawks Int'l Co.,Ltd
IGE Group of Companies
KBZ Group of Companies
KMD Co.,Ltd
Maple Trading Co.,Ltd
Max Myanmar Co.,Ltd
Medi Myanmar Group Ltd.
Myanmar Bell Co.,Ltd
Myanmar Information Technology Pte. Ltd.
Myanmar Lighting Manufacturing Co., Ltd.
Nibban International Co.,Ltd.
Paing Family Int'l Co.,Ltd.
PME Co.,Ltd
Royal Gunkul Co.,Ltd
SM Tours & Transport Co.,Ltd
Thuriya Win Manufacturing Co.,Ltd.
United Pacific Co.,Ltd
တို့မှ ကုမ္ပဏီ တည်ထောင်သူများ အရာရှိကြီးများ လိုက်ပါခွင့် ရခဲ့ကြောင်း သတင်းရရှိသည်။
KHTun
The Ladies News

 

No comments: