Saturday, November 5, 2016

မြစ်ဆုံစီမံကိန်းကိုကန့်ကွက်သည့်ကမ်ပိန်း မန္တလေးတွင် ပြုလုပ်

မြစ်ဆုံစီမံကိန်းကိုကန့်ကွက်သည့်ကမ်ပိန်း မန္တလေးတွင် ပြုလုပ်
၆ နိုဝင်ဘာလ ၂၀၁၆
------ ------ ------ ------ ------
မြစ်ဆုံစီမံကိန်းဆောင်ရွက်ပါက ဧရာဝတီမြစ်ဝှမ်းတလျောက် လူမှုစီးပွားနှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် စိမ်းရောင်ကွန်ယက်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေး ရွာအနီး ဧရာဝတီမြစ်အတွင်း၌ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ကန့်ကွက်သည့် ကမ်ပိန်းတခုပြုလုပ်ခဲ့သည်။
မြစ်ဆုံစီမံကိန်းကော်မရှင်မှ ယင်းစီမံကိန်းနှင့်ပတ်သက်သည့် အစီရင်ခံစာကို မကြာမီထုတ်ပြန်တော့မည်ဖြစ်၍... ၄င်းတို့၏ ဆန္ဒကို ပြသခြင်းဖြစ်သည်ဟုဆိုသည်။
“သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေးနောက်ဆက်တွဲထိခိုက်ပြီး ရလဒ်ကောင်းတွေ ထွက်လာမှာမဟုတ်လို့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တာပါ။ ကုမ္ပဏီက သူ့မြစ်ဆုံပတ်ဝန်းကျင်ဒေသကလူတွေအတွက်ပဲ လုပ်ပေးနိုင်မယ်”ဟု စိမ်းရောင်စုံကွန်ယက်မှ ဦးမောင်မောင်ဦးက ပြောသည်။
ဆည်ဆောက်မည်ဆိုပါက ဧရာဝတီမြစ်ဝှမ်းတလျောက်ရှိ ၆၀% သော ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင် မည်မဟုတ်ကြောင်း၊ ငလျုင်ဖြစ်ပေါ်ခဲ့ပါက မြစ်အတွင်း ဇီဝမျိုးကွဲများထိခိုက်ပြီး မြစ်ကြောင်းပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သောကြောင့် ယခင်လူမှုစီးပွားရေးကို ထိခိုက်လာမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ နိုင်ငံမှာ Institution မပြည့်စုံသေးဘူး။ လုပ်ပေးနိုင်မယ်ဆိုတောင် ဆည်ပတ်ဝန်းကျင်ဒေသမှာပဲ လိုပ်နိုင်လိမ့်မယ်။ တံငါသည်၊ သီးနှံစိုက်ပျိုးသူနဲ့ ကုန်စည်ပို့ဆောင်နေသူတွေရဲ့သဘောထားကို ကောက်ခံရာ မှာလည်း သက်ရောက်မှုကြီးမားမှာဖြစ်တဲ့အတွက် အားလုံးက ဒီစီမံကိန်းကို ကန့်ကွက်တယ်”ဟု ၄င်းက ဆက်လက် ပြောကြားသည်။
ပြည်သူတွေများ၊ CSO များ၊ NGO အဖွဲ့များအားလုံးက မြစ်စုံစီမံကိန်းကိုကန့်ကွက်ကြောင်း အစိုးရသိရှိအောင် ကန်ပိန်းပြုလုပ်ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၃၀ ရက်နေ့က မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည့် မြန်မာ့အစိမ်း ရောင်ကွန်ယက် သဘောထား(၄)ခု ထုတ်ပြန်ခဲ့ရာတွင် မြစ်ဆုံစီမံကိန်းအပါအ၀င် မြစ်ဆုံအထက် ဆည်စီမံကိန်ုး အားလုံးကို အပြီးဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။
“ဧရာဝတီမြစ်ထဲမှာ တရားမ၀င်ရွှေတူးတာတွေ ရှိနေတယ်။ ပြည်သူတွေကတော့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက် နေတာက အရင်အစိုးရလက်ထက်ကတည်းကပါ။ အစိုးရအနေနဲ့ ပြည်သူတွေ့ရဲ့ ဆန္ဒကို အလေးထားမယ် စေချင်တယ်”ဟု ကိုအောင်ကြီးကပြောသည်။
ခိုင်ဆက်ဝေ

No comments: