Saturday, November 12, 2016

၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ဖျက်သိမ်းပေးရေးနှင့် နိုင် ငံရေးအကျဉ်းသားများလွတ် မြောက်ရေးတို့အတွက် ဗကသ ကျောင်းသားများဦးဆောင်၍ မန္တ လေးတွင် ဆန္ဒထုတ် ဖော် တောင်းဆို

 
 
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ဖျက်သိမ်းပေးရေးနှင့် နိုင် ငံရေးအကျဉ်းသားများလွတ် မြောက်ရေးတို့အတွက် ဗကသ ကျောင်းသားများဦးဆောင်၍ မန္တ လေးမဟာမုနိဘုရားကြီးရှေ့တွင် နိုဝင်ဘာ ၁၁ ရက်က ဆန္ဒထုတ် ဖော် တောင်းဆိုခဲ့ကြသည်။
မန္တလေးခရိုင် ဗကသ ကျောင်းသားများသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖျက်သိမ်း ပေးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ပေးရေး၊ နိုင်ငံရေးအ ကျဉ်းသားများလွတ်မြောက်ရေး တို့အတွက် နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီက တောင်းဆိုမှုပြု လုပ်ခဲ့သည်။
‘‘အဓိကကတော့ ကျွန်တော်တို့ ဒီမိုကရေစီမရသေးဘဲနဲ့တော့ ဒီမိုကရေစီပညာရေး မရနိုင်ပါဘူး။ အဲဒီတော့ ဒီမိုကရေစီရရှိဖို့အ တွက် ဒီမိုကရေစီဖွဲ့စည်းပုံတစ် ရပ်ရှိမှကို ဖြစ်ပါမယ်။ အဲဒါ ကြောင့် ဒီမိုကရေစီဖွဲ့စည်းပုံကို တောင်းဆိုတယ်။ အဲဒါကြောင့် ဒီမို ကရေစီဖွဲ့စည်းပုံမဟုတ်တဲ့ လက် ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖျက်သိမ်းဖို့ တောင်းဆိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းဖို့ တောင်းဆိုတာက ကျွန်တော်တို့ မပြီးပြတ်သေးတဲ့ ဒီမိုကရေစီ ပညာရေးတိုက်ပွဲကို ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံပျက်သုဉ်းမှ ဒီမို ကရေစီဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီ ပညာရေးရမှာဖြစ်တယ်။ နောက် တစ်ချက်က အခု တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ ကျ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်း သားတွေလွတ်မြောက်ဖို့ တောင်း ဆိုတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်း ပုံဖျက်သိမ်းနိုင်အောင်အတွက် ဒီ ထက်မက ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနိုင်အောင်အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံကို ပြင်ဆင်တာ၊ ဖျက်သိမ်းတာမလုပ်နိုင်ဘဲနဲ့ကတော့ ဘာကိုမှ ထိထိ ရောက်ရောက်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး’’ဟု မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးက ပြောသည်။
တောင်းဆိုသူများသည် မဟာမုနိဘုရား အရှေ့ဘက် ပေါက်မှ စတင်ချီတက်ခဲ့ပြီး ဘုရား အတွင်း ငြိမ်သက်စွာ လှည့်လည် တောင်းဆိုခဲ့ကြကာ ၂၀၀၈ ဖွဲ့စည်းပုံဟု ရေးသားထားသည့် စာရွက်အချို့ကို မီးရှို့ခဲ့ကြသည်။
အဆိုပါတောင်းဆိုပွဲတွင် မန္တလေးခရိုင် ဗကသကျောင်း သားများနှင့် လွတ်မြောက်လာ သည့် စစ်ကိုင်းသပိတ်စစ်ကြောင်း မှ အလုပ်သမားများပါဝင်ခဲ့ပြီး စုစုပေါင်းအင်အား ၂၀ ဦးခန့်ရှိသည်။
7Days

No comments: