Saturday, November 26, 2016

အစိုးရငြိမ်းချမ်းကော်မရှင် တရုတ်သို့ သွားရောက်

အစိုးရငြိမ်းချမ်းကော်မရှင် တရုတ်သို့ သွားရောက်
26 November 2016
--- --- --- --- --- ---
ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ယနေ့ (နိုဝင်ဘာလ ၂၆ ရက်နေ့) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။
ခရီးစဉ်တွင် ကော်မရှင် ဥက္ကဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ တပ်မတော် မှ အရာရှိကြီးများ၊ အကြံပေးအဖွဲ့ဝင်နှင့် အထောက်အကူပြု အဖွဲ့ဝင်များလည်း လိုက်ပါသွားမည...
်ဖြစ်ပါသည်။
အဆိုပါခရီးစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး Mr. Chen Chen နှင် ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးများ၊ အထောက်အကူပြုအဖွဲ့များမှ လိုက်ပါပို့ဆောင်ကြပါသည်။
Peace commission facebook
 

No comments: