Wednesday, November 16, 2016

မြန်မာ-အမေရိကန် ပထမအကြိမ် မိတ်ဖက် အစည်းအဝေး ကျင်းပ

မြန်မာ-အမေရိကန် ပထမအကြိမ် မိတ်ဖက် အစည်းအဝေး ကျင်းပ

Wednesday, November 16, 2016
 
မြန်မာ-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပထမအကြိမ် မိတ်ဖက် အစည်းအဝေးကို 15-11-2016 ရက်နေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
...
အစည်းအဝေးတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍများနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr. Scot Marciel ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphyနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
မြ၀တီ
Image may contain: indoor and one or more people

No comments: