Sunday, November 6, 2016

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အစာရေစာ ရှားပါးမှု အဆိုးဝါးဆုံး နိုင်ငံတစ်ခုဖြစ်

 
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အစာရေစာ ရှားပါးမှု အဆိုးဝါးဆုံး နိုင်ငံတစ်ခုဖြစ်
 
နိုဝင်ဘာ ၆၊ ၂၀၁၆
 
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အစာရေစာ ရှားပါးမှု အဆိုးဝါးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့်အောက်ဆုံး နိုင်ငံ ၅၀ စာရင်းတွင်လည်း ပါဝင်လျက်ရှိသည်ဟု မကြာမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ညွှန်းကိန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
...
မြန်မာနိုင်ငံသည် ၂၀၀၈ တွင် အာဟာရချို့တဲ့သူ ရာခိုင်နှုန်း ထက်ဝက်ခန့် လျော့ကျခဲ့သော်လည်း ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အစာရေစာ ရှားပါးမှုနှုန်း ရမှတ် ၂၂ မှတ်သာ ရရှိခဲ့သည်။
ရမှတ် ၂၀ မှ ၃၄.၉ အထိ ရရှိသည့် နိုင်ငံများအား အစာရေစာ ဆိုးဝါးစွာ ရှားပါးနေသည့် နိုင်ငံအဖြစ် သတ်မှတ်ရာ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၊ ရ၀မ်ဒါ၊ နီပေါတို့နှင့်အတူ အစာရေစာ ရှားပါးမှု ဆိုးဝါးစွာ ကြုံတွေ့နေရသည့် နိုင်ငံစာရင်းတွင် ဖော်ပြခံရသည်။ အသက် ငါးနှစ်အောက် ကလေးများ ကြီးထွားနှုန်း စံမမီမှုမှာ ၃၁ ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်သည်။
နိုင်ငံတကာ အစားအစာ မူဝါဒ သုတေသန အင်စတီကျုက ထုတ်ပြန်ခဲ့သည့် စစ်တမ်းသည် နိုင်ငံတစ်ခု၏ အစာရေစာ ရှားပါးမှုအား အာဟာရချို့တဲ့မှု၊ ကလေးများ ကြီးထွားနှုန်းစံမမီမှု၊ ကလေးများ ကိုယ်အလေးချိန် နိမ့်ကျမှုနှင့် ကလေးသေဆုံးမှုတို့အပေါ် အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည်။ အစာရေစာ ရှားပါးမှုကြောင့် အဓိက ထိခိုက်ခံစားရသူများမှာ အသက် ငါးနှစ်အောက် ကလေးများဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအစီအစဉ် (WFP) ၏ စာရင်းများအရ နိုင်ငံအတွင်း အစားအစာ ဖူလုံမှုရှိသော်လည်း နယ်စပ်ဒေသများရှိ လူထုအတွင်း ဆင်းရဲမွဲတေမှုနှင့် အစာရေစာ ရှားပါးမှု ဆိုးဝါးစွာ ကြုံတွေ့နေရသည်ဟု ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ တွင် အစာရေစာ ရှားပါးမှုနှုန်း “သုည” အထိ လျှော့ချရန် ရည်မှန်းချက်ကို ပြည့်မီရန်မူ အစိုးရနှင့် အန်ဂျီအိုများ အရှိန်မြှင့် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
အဆိုပါ ရည်မှန်းချက် ပြည့်မီရန်အတွက် စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ရေရှည်ဖွံ့ဖြိုးရေး ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်ဟု WFP က ဆိုသည်။ အထူးသဖြင့် နယ်စပ်ဒေသများမှ အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူနည်းစု တိုင်းရင်းသားများ အပါအ၀င် အားလုံး ပါဝင်သက်ရောက်မှု ရှိစေရန် လိုအပ်လျက်ရှိသည်။
KHTun
The Ladies News
 

No comments: