Monday, November 7, 2016

လူမျိုးရေး၊ ဘာသာရေး ထိလွယ်ရှလွယ် သတင်းများ ရေးသားရာတွင် မီဒီယာကျင့်ဝတ် အတိအကျ လိုက်နာကျင့်သုံးရန် ပြန်ကြားရေးဝန်ကြီး တိုက်တွန်း

လူမျိုးရေး၊ ဘာသာရေး ထိလွယ်ရှလွယ် သတင်းများ ရေးသားရာတွင် မီဒီယာကျင့်ဝတ် အတိအကျ လိုက်နာကျင့်သုံးရန် ပြန်ကြားရေးဝန်ကြီး တိုက်တွန်း

Monday, November 7, 2016
 
လူမျိုးရေးဘာသာရေး စသည့် ထိလွယ်ရှလွယ်ဖြစ်သည့် သတင်းများ ကို ရေးသားရာတွင် အထူးသတိပြု ရေးသားရန် သတင်းအရင်းအမြစ်ကို အသေအချာ အတည်ပြုရေးသားကြရန်၊ သတင်းမီဒီယာ ကျင့်ဝတ်များ ကို အတိအကျ လိုက်နာကျင့်သုံးရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်က နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။
...
ဒီမိုကရေစီသစ်အတွက် အားလုံးပါဝင်သည့် လွတ်လပ်သော မီဒီယာညီလာခံ အစီအစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက် တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ ယင်းသို့ ထည့်သွင်းပြော ဆိုခဲ့ခြင်း ဖြစ်သည်။
“တချို့ပြသ၁နာဖြစ်တဲ့ အခြေအနေအမျိုးမှာ သတင်းတွေ အတည်ပြုဖို့ ခက်ခဲသေးတဲ့ အခြေအနေမှာ သတင်းသမား အနေနဲ့ကလည်း အများပြည်သူဆီကို ပို့ဖို့ဆိုရင် မိမိရတဲ့သတင်းကို ခိုင်မာမှုရှိမရှိ ဆိုတာကိုတော့ အတတ်နိုင်ဆုံး စိစစ်ဖို့လိုပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီး ဒေါက်တာဖေမြင့်က ရန်ကုန်တွင် ယနေ့ကျင်းပသည့် မီဒီယာ ညီလာခံတွင် တိုက်တွန်းပြောဆိုသည်။
ထို့အတူ မိမိရရှိသည့် သတင်းသည် အခြေအမြစ် ခိုင်မာမှုရှိမရှိ လေ့လာ စူးစမ်းပြီး တင်ပြရန်လိုသည်။ သတင်းဦးရန် အလေးထားသည် မှန်သော်လည်း မိမိသတင်းသည် အခြေခံအကြောင်းအရာ အချက်အလက် မခိုင်မာမှုများကို သတင်းရေးသည့်အခါ အထင်အမြင်လွဲမှားမှုများ ဖြစ်တတ်ပြီး ထိုကဲ့သို့သော သတင်းများကို အများစိတ်ဝင်စားအောင် ရေးသားသည့် သတင်းများက အများပြည်သူကြား ပျံ့နှံ့သွားလေ့ ရှိသည့်အတွက် သတင်းမီဒီယာသမားများ အနေဖြင့် သတင်း၏ မှန်ကန်မှုသည် အရေးကြီးကြောင်း သိရှိပြီးဖြစ်သော်လည်း မှန်ကန်မှုရှိမရှိ စိစစ်ရန် လိုအပ်ကြောင်း ထင်ရှားသည့် သတင်းများကို သေချာစွာ အတည်မပြုဘဲ ရေးသားသည်ကို တွေ့ရသည်ဟုလည်း ၀န်ကြီးကဆိုသည်။
သတင်းများကို ထင်မြင်ချက်ဖြင့် ရောနှောရေးသားသည်ကို တွေ့ရပြီး သုံးသပ်ချက်၊ မှတ်ချက်များနှင့် ရေးသားမှုကိုလည်း ဂရုပြုစေလိုသည်ဟု ၀န်ကြီးကဆိုသည်။
ယင်းကဲ့သို့ ပြောကြားရခြင်းမှာ အားလုံး ကျင့်ဝတ်မလိုက်နာသည် မဟုတ်သော်လည်း အချို့သတင်းများသည် အနှောင့်အယှက် မဖြစ်စေလိုသည့်အတွက် ပြောကြားခြင်းဖြစ်ပြီး လွတ်လပ်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် မီဒီယာဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တိုက်တွန်းပြောကြား ခဲ့သည်။
ဇော်မင်းထွန်း
The Ladies News

No comments: