Sunday, November 6, 2016

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပထမနေ့ စတင်ကျင်းပ

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပထမနေ့ စတင်ကျင်းပ

Sunday, November 6, 2016
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပထမနေ့ကို ယနေ့ (နိုဝင်ဘာ ၆ ရက်) တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲကို ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်အစိုးရမှ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး တိုင်းရင်းသား အကအလှများ၊ စိန်နားပန် ဖွင့်ပွဲမီးပုံးပျံ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။ ပထမနေ့...
(နိုဝင်ဘာ ၆ ရက်)တွင် နေ့လွှတ် ၃၅ လုံး ၊ ညလွှတ်ပေါင်း ၁၀ လုံး တိတိ လွှတ်တင်ကာ ပြိုင်ပွဲဝင်သွားမည် ဖြစ်ကြောင်း အမှတ်ပေး အကဲဖြတ်ဒိုင်အဖွဲ့ထံမှ သတင်းရရှိပါသည်။
ပထမနေ့ နေ့လည်ပိုင်းတွင် ပြိုင်ပွဲဝင် နေ့လွှတ်အရုပ်များကို စတင်လွှတ်တင်ခဲ့သော်လည်း လေပြင်း တိုက်ခတ်နေသဖြင့် နေ့လွှတ်အရုပ်များ မတက်နိုင်ဘဲ ၊ ကွင်းထဲမှာပင် မီးလောင်ခြင်း၊ တက်ပြီးသော်လည်း အပေါ်တွင် လေကြမ်းသဖြင့် မီးလောင်ပျက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လွှတ်တင်ရသည်မှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း နေ့လွှတ် မီးပုံးပျံလွှတ်တင်သမားများက ဆိုသည်။
Eleven

No comments: